News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
UMFCCI နေပြည်တော် ရုံးအဆောက်အဦးသစ်ဖွင့်ပွဲ
Editorial
September 3, 2015
Local News
News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် နေပြည်တော်ရုံးအဆောက်အဦးသစ် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ၊ ၂၉ ရက်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိလမ်း၊ ကျိုင်းတုံလမ်းသွယ်ရှိ ကုန်သည်စက်မှုအသင်းချုပ် အဆောက်အဦးသစ်တွင် ကျင်းပခဲ့သည်။ အခမ်းအနားကို ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌ ဦးဆောင်ပြီး ဌာနဆိုင်ရာနဲ့ ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေ၊ ညီနောင်အသင်းတွေက ကိုယ်စားလှယေ်တွ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ သတင်းမီဒီယာသမားတွေ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ အသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်က အဖွင့်အမှာစကားပြောကြားရာမှာ အသင်းချုပ်အနေဖြင့် နိုင်ငံတော်အစိုးရ ဝန်ကြီးဌာနတွေ၊ အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပိုမိုလွယ်ကူချောမွေ့စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့၊ မြန်မာနိုင်ငံအထက်ပိုင်းနှင့် အောက်ပိုင်းရှိ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့တွေအတွက် လွယ်လင့်တကူ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံတော်ရဲ့ ပံ့ပိုးုမှုနဲ့ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ကုန်သည်စက်မှုအသင်းချုပ် နေပြည်တော်ရုံးအဆောက်အဦသစ်ကို အသင်းချုပ်ဥက္ကဌ ဦးဆောင်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက်မှာ အသင်းချုပ်ရုံး ဆိုင်းဘုတ်ကို ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ဦးဆောင်ပြီး အတူတကွ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားကို တာဝန်ရှိသူတွေက အသင်းချုပ်အဆောက်အဦးကမ္ဗည်းမှတ်တမ်းကို အောင်သပြေ ရေချမ်းပတ်ဖျန်းပေးခဲ့ပြီး အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။
ကုန်သည်စက်မှုအသင်းချုပ် နေပြည်တော်ရုံး မြေနေရာသည် ၆ ဧကခန့်ကျယ်ဝန်းပြီး ၂၀၀၉ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် စတင် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်စက်မှုအသင်းချုပ်အဆောက်အဦးကို ၂၀၀၇ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၊ ဗိုလ်ဆွန်ပတ်လမ်းရှိ အသင်းချုပ်ပိုင် မြေနေရာတွင်လည်း အထပ်မြင့် အဆောက်အဦးတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ပါသည်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း