လန်ဒန်မြို့ရှိ Westminster လွှတ်တော်အဆောက်အဦး Grant Thornton စာရင်းကိုင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ယူကေနိုင်ငံရဲ့ စီးပွားရေးဟာ ကျန်အနောက်နိုင်ငံတွေထက် မြန်ဆန်စွာ ဖွံ့ဖြိုးလာနေပါတယ်။ ၂၀၁၄ ခုနှစ်၊ နောက်ဆုံး သုံးလပတ်မှာ ယူကေစီးပွားရေးဟာ ၁.၃ ရာခိုင်နှုန်းတိုးတက်လာမယ်လို့ ICAEW စက်မှုလုပ်ငန်းအဖွဲ့က ပြောပါတယ်။ နောက်နှစ်အတွက် ပို့ကုန်နဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ တိုးတက်ဖွံ့ဖြိုးလာမယ်လို့ Grant Thornton/ICAEW အစီရင်ခံစာက ဆိုထားပါတယ်။ Ref: BBC