United Eastern Commerce Ltd ကနေ အမေရိကန် သစ်အမျိုးအစားတွေဖြစ်တဲ့ White Oak၊ Maple၊ Cherry၊ Ash နဲ့ Walnut တို့ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံး စတင်ဖြန့်ချိတဲ့မိတ်ဆက်ပွဲကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်က လှိုင်တက္ကသိုလ်ရိပ်သာမှာရှိတဲ့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ သစ်တွေဟာ သစ်လွင်လှပပြီး အမျိုးအစားကောင်းမွန်တဲ့အတွက် အိမ်တွင်းအလှဆင်တာ၊ အဆင့်မြင့်ဟိုတယ်၊ သံရုံး၊ ပြဇတ်ရုံ၊ ကြမ်းခင်း၊ နံရံ၊ မျက်နှာကြက်၊ လှေကား၊ တံခါး၊ ပရိဘောဂ၊ စတာတွေကို အသုံးပြုနိုင်ပါတယ်။ အမေရိကန်သစ်တွေကို တင်သွင်းဖြစ်ပုံနဲ့ ပတ်သက်ပြီး UEC က တာဝန်ရှိသူတစ်ဦးက "ဒီသစ်တွေကို သစ်လုပ် ငန်းရဲ့ လိုအပ်ချက်ကြောင့်မဟုတ်ဘဲ ဈေးကွက်လိုအပ်ချက်ကြောင့် တင်သွင်းခဲ့တာပါ။ ဒီသစ်တွေဟာ ကမ္ဘာမှာလည်း ၆၀ ရာခိုင်နှုန်းလောက် သုံးစွဲနေကြတယ်။ ကျွန်းသစ်ထက်လည်း ၂၀ ရာခိုင်နှုန်း ဈေးသက်သာပြီး Architect တွေအနေနဲ့ နိုင်ငံတကာအဆင့်မီအဆောက်အဦတွေကို Decorate လုပ်ရာမှာ မတူညီတဲ့ ခံစားမှုတွေ ပေးနိုင်ဖို့အတွက် ရွေးချယ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်" လို့ ဆိုပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ UEC ဖုန်းနံပါတ် ၀၁-၅၅၉၂၅၇ နဲ့ ၅၅၈၆၇၃ တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။