Uber မှ ၎င်း၏ ၁၅ ရာခိုင်နှုန်းသောအစုရှယ်ယာအား Soft Bank သို့ ရောင်းချ

Int'lsNews4

Soft Bank ဟာ Uber ရဲ့ အစုရှယ်ယာဝင်တွေဆီက ၄၈ ဘီလီယံနဲ့ ဝယ်မယ့်အကြောင်း ကြာသပတေးနေ့က ကမ်းလှမ်းလိုက်တယ်လို့ သတင်းရရှိပါတယ်။

Uber နဲ့ Soft Bank က ယင်းကမ်းလှမ်းမှုကို သောကြာနေ့ အပြီးသတ်ဆောင်ရွက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ယင်းအရောင်းအဝယ်ကိစ္စအားလုံးကိုတော့ ဇန်နဝါရီလထဲမှာ အဆုံးသတ်ဆောင်ရွက်မယ်လို့ မျှော်မှန်းထားပါတယ်။

Soft Bank ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ Uber အတွက်တော့ သူတို့ရဲ့ ယိုယွင်းနေတဲ့ ဘုတ်အဖွဲ့နဲ့ Uber ရဲ့ CEO ဖြစ်သူ Travis Kalanick နဲ့ Uber ရဲ့ ရင်းနှီးမြှုပ်နှံသူ Benchmark ကြားက ပဋိပက္ခကို ပြန်လည်ဖြေရှင်းရာမှာ အဓိကကျတဲ့သော့ချက်ပဲ ဖြစ်တယ်။

Soft Bank ဟာ ဘီလီယံများစွာကို အချိန်နဲ့ တစ်ပြေးညီကားငှားနိုင်တဲ့ စနစ်ပေးတဲ့ နိုင်ငံခြားကုမ္ပဏီတွေဖြစ်တဲ့ တရုတ်က Didi ၊ အရှေ့တောင်အာရှက Grab နဲ့ ဘရာဇီးက 99 တို့လို ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။

ဂျပန်စီးပွားရေးလုပ်ငန်းပေါင်းစုဖြစ်တဲ့ Soft Bank (SFTBF) ဟာ Uber ရဲ့ အချိန်နဲ့တစ်ပြေးညီ ကားငှားစီးနိုင်တဲ့ စနစ်အသစ်ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံကျော်နဲ့ ရင်းနှီးမြှုပ်နှံဖို့ သဘောတူညီမှုရခဲ့တယ်။