U Philip Maung ရဲ့ Experiences in US နဲ့ The Challenges Facing Myanmar Entrepreneurs အကြောင်းဟောပြောပွဲ ကျင်းပ

U Philip 3 မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ၁၉၈၉ ခုနှစ်ကတည်းက အမေရိကန်နိုင်ငံကိုရောက်ရှိခဲ့ပြီး ယခုအချိန်တွင် အမေရိကန်နိုင်ငံ၌ Hissho Sushi နာမည်နဲ့ဆူရှီဆိုင်ခွဲပေါင်း ၈၀၀ နီးပါးဖွင့်လှစ်ထားတဲ့ U Philip Maung ရဲ့ Experiences in US ဟောပြောပွဲနဲ့ Panel Discussion ကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ ကုန်သည်/စက်မှုအသင်းချုပ်မှာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်ကပြုလုပ်ခဲ့ပါတယ်။ U Philip Maung နဲ့အတူ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ဦးခင်အောင်ထွန်း၊ ဦးကျော်မြတ်မိုး၊ ဦးကျော်ကျော်လှိုင်(Smart) တို့က The Challenges Facing Myanmar Entrepreneurs ဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါပွဲမှာ U Philip Maung ရဲ့Hissho Sushi လုပ်ငန်းရဲ့ Core Value တွေနဲ့ဆက်စပ်ပြီး ဖြတ်သန်းခဲ့ရတဲ့ လုပ်ငန်းအတွေ့အကြုံတွေကို ပြောပြခဲ့ပြီး တက်ရောက်လာသူတွေရဲ့မေးမြန်းချက်တွေဖြေကြားခဲ့ပါတယ်။ U Philip 2 U Philip 4 U Philip 7 U Philips 5