Twitter ကို စတော့ ဈေးကွက်တင်ဖို့ Wall Street မှာ စာရင်းဖွင့်

[caption id="attachment_6814" align="alignnone" width="300"]နယူးယော့ စတော့အိပ်ချိန်း၌ Twitter စာရင်းဖွင့်ထားပုံကို တွေ့ရစဉ် နယူးယော့ စတော့အိပ်ချိန်း၌ Twitter စာရင်းဖွင့်ထားပုံကို တွေ့ရစဉ်[/caption] စာလုံးရေ ၁၄၀ စာ သတင်းစကားလေးတွေ မျှဝေနိုင်တဲ့အင်တာနက်ဆိုရှယ်ဝက်ဘ်ဆိုက် Twitter ကို နိုဝင်ဘာလ ၇ ရက်နေ့က Wall Street မှာ စာရင်းဖွင့်ကာ အများ ပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်ပါတယ်။ အဲဒီနေ့က Twitter ရဲ့ ရှယ်ယာတွေဟာ ၉၀ ရာခိုင်နှုန်းကျော် မြင့်တက်ပြီး ရှယ်ယာတစ်ခု ဒေါ်လာ ၅၀ အထိ ပေါက်သွားပါ တယ်။ အခုလို စာရင်းဖွင့်လိုက်တဲ့အတွက် Twitter ရဲ့ ဈေးကွက်တန်ဖိုးကို ဒေါ်လာ ၁၄.၄ ဘီလီယံရှိကြောင်း သတ်မှတ်ခဲ့ကြပါတယ်။ Ref: CNA