TURBO DE'BAR Bar & Restaurant

turbo9

ဆိတ်ငြိမ်ပြီး သီးသန့်နေရာလေးတစ်ခုဖြစ်သလို ဈေးနှုန်းသင့်တင့်ပြီး ပင်ပန်းသမျှတွေကို လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ အပန်းဖြေလို့ကောင်းမယ့် ဆိုင်နေရာလေးကို CEO စာဖတ်ပရိသတ်အတွက် ညွှန်ပြပေးလိုက်ပါတယ်။

turbo3

ဆိုင်တည်နေရာ

အမှတ် 3/A 13 ၊ တော်ဝင်လမ်း၊ ကိုးမိုင်၊ Ocean Center နဲ့ ဗစ်တိုးရီးယား ဆေးရုံအနီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပြီး ဖုန်းနံပါတ်ကတော့ ၀၉-၂၅၄၆-၃၃၇၇၈ ဖြစ်ပါတယ်။ www.facebook.com/TURBO DE BAR မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဆိုင်ဖွင့်ချိန်

၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှာ Soft Opening အနေနဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆိုင်ဖွင့်ချိန်ကတော့ နေ့စဉ် နံနက် ၁၁ နာရီကနေ ည ၁၁ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

turbo2 turbo1

ရနိုင်တဲ့ Menu တွေက

A LaCarte Menu ၊ Set Menu နဲ့ Buffet Menu တွေလည်း ဝန်ဆောင်မှုပေးပါတယ်။ အစားအသောက်တွေ ကတော့ Thai Food ၊ Western-European Food တွေ ရနိုင်ပါတယ်။

turbo4

ဆိုင်မှာရှိတဲ့ Bartender နဲ့ Chef တွေက

ပြည်တွင်းက Skilled Bartender & Chef တွေနဲ့ အကောင်းဆုံးဝန်ဆောင်မှုပေးပါတယ်။

turbo7

ဈေးနှုန်းအပိုင်း

ဈေးနှုန်းအနေနဲ့ အနိမ့်ဆုံး ၃,၅၀၀ ကျပ်ကနေ အမြင့်ဆုံး တစ်သောင်းကျပ်အထိ ရှိပါတယ်။

turbo8

ဝန်ဆောင်မှု

ဆိုင်တွင်းနဲ့ ဆိုင်ပြင်ပမှာ ပြုလုပ်နိုင်တဲ့ Event တွေ ၊ မွေးနေ့ ၊ ဧည့်ခံပွဲနဲ့ ပါတီပွဲတွေကို လက်ခံဆောင်ရွက်ပြီး ဝန်ဆောင်မှုပေးပါတယ်။

Hygiene ပိုင်းနဲ့ပတ်သက်ပြီး ပြင်ဆင်ထားမှု

အစားအသောက်နဲ့ ချက်ပြုတ်လုပ်ဆောင်တဲ့နေရာမှာ သန့်ရှင်းမှုရှိဖို့နဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေဖို့ ပုံမှန် သန့်ရှင်းရေးလုပ်ဆောင်မှုတွေ ပြုလုပ်ပါတယ်။ လတ်ဆတ်တဲ့ အစားအသောက်နဲ့ ကုန်ကြမ်းတွေ၊ အသား ငါး၊ သစ်သီးဝလံတွေကိုသာ အသုံးပြုထားပါတယ်။ ကူးစက်ပြန့်ပွားတတ်တဲ့ရောဂါတွေ မဖြစ်စေဖို့နဲ့ ဝန်ထမ်းတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာပေးမှုနဲ့ လိုက်နာဆောင်ရွက်မှုတွေနဲ့ စားသုံးသူတွေအတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးနေပါတယ်။

turbo6

Promotion အစီအစဉ်

Discount အနေနဲ့ Member Discount Program တွေ စီစဉ်ထားရှိပါတယ်။ ပုံမှန် Promotion တွေကို ထည့်သွင်းပြုလုပ်ဖို့ စီစဉ်ထားရှိပါတယ်။

turbo5

အများဆုံးလာတဲ့ Customer

ကျွန်တော်တို့ ရည်ရွယ်ထားသလိုပဲ လူငယ်၊ လူလတ်ပိုင်းနဲ့ အနုပညာအသိုင်းအဝိုင်းကလူတွေအများဆုံး လာရောက်ကြပါတယ်။

အနာဂတ်အစီအစဉ်

အနာဂတ်အစီအစဉ်အနေနဲ့ ဆိုင်ခွဲတွေ ဆက်လက်ဖွင့်လှစ်သွားဖို့ ရှိပါတယ်။

အယ်ဒီတာအဖွဲ့