TS1 ကနေစီစဉ်ကျင်းပတဲ့ “ It's a Long Way” ပန်းချီနဲ့ အနုပညာပြပွဲဖွင့်ပွဲကို ဝါးတန်းဆိပ်ကမ်းမှာရှိတဲ့ TS1 Yangon မှာ ၂၀၁၄ ခုနှစ် မေလ ၃၀ ရက်က ကျင်းပခဲ့ပါတယ်။ အဲဒီပန်းချီပြပွဲကို နေ့စဉ် မနက် ၁၀ နာရီ ကနေ ညနေ ၆ နာရီခွဲထိပြသသွားမှာဖြစ်ပြီး Pop-Up စိတ်ကူးစိတ်သန်းနဲ့ ပြသနေတဲ့ TS 1 ရဲ့ ဖြိုးကြည်ရဲ့ "အခြားတစ်ဘက်မှာ" ပြပွဲပြီးတဲ့နောက် ဒုတိယအနေနဲ့ပြုလုပ်တဲ့ ပြပွဲအစီအစဉ်ဖြစ်ပါတယ်။ ဒီပြပွဲမှာ ချောအိသိမ်း၊ ကိုဆို၊ လွင်ဦးမောင်၊ မေဖူးသက်၊ ဝေမာညွန့်၊ ဇာမင်းထိုက်နဲ့ ဇွန်စီတို့ရဲ့ အနုပညာလက်ရာတွေကို ပြသသွားတာဖြစ်ပါတယ်။ ပြပွဲမှာ ပါဝင်ပြသတဲ့ အနုပညာရှင်တွေဟာ လူငယ်တွေဖြစ်တာနဲ့အညီ သူတို့ရဲ့ အနုပညာလက်ရာတွေဟာလည်း ဆန်းသစ်တဲ့ စိတ်ကူး၊ လက်ရှိဘဝအခြေအနေတွေကို ထင်ဟပ်တဲ့ ပုံရိပ်တွေဖြစ်နေတာကိုတွေ့ရမှာပါ။ ပွဲမှာ လွင်ဦးမောင်က ''တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ'' ဆိုတဲ့ခေါင်းစဉ်နဲ့ ခုနစ်ရက်သားသမီးများကို ကိုယ်စားပြုတဲ့ နေ့နံကောင်တွေရဲ့ ပန်းချီကားများ၊ မေဖူးသက်က ''သတို့သမီးတစ်ဦးရဲ့ ဝန်ထုပ်ဝန်ပိုး'' ဆိုတဲ့ခေါင်းစဉ်နဲ့ Installation art ပြကွက်၊ ကိုဆိုက ကြားကာလ ၁/၂/၃ ဆိုပြီး အနုပညာလက်ရာ ၃ ခု၊ ဇွန်စီက ''အမည်မသိ အမျိုးသမီးများ - မြို့သိမ်းခံတပ်'' နှင့် ''ကျွန်မကိုနားထောင်ပေးပါ'' ၊ ဇာမင်းထိုက်က ''In front of the mirror, In front of the throne, Goblins 12-15 Hanging , Goblins 17-19 On the wall, Goblins 20-26 On the Box'' ၊ ချောအိသိမ်းက''ရွှေပြည်တော်မျှော်တိုင်းဝေး ; နားစွင့်ကြပါ ၊ နာဂ ၊ ကချင် ၀၂ ၊ ကချင် ၀၁၊ ကရင်၊ ဗေဒင်ဟောခြင်း'' ၊ ဝေမာညွန့်က "မြို့ထဲက လက်ဖက်ရည်ဆိုင်'' အမည်နဲ့ video installation ပြကွက် ... စသဖြင့် အသီးသီး ပါဝင်ပြသထားကြတာဖြစ်ပါတယ်။
[caption id="" align="alignnone" width="370"] ပွဲသို့တက်ရောက်လာသူ အနုပညာရှင် လွင်ဦးမောင်[/caption][caption id="" align="alignnone" width="370"] အနုပညာရှင် ကိုဆို[/caption][caption id="" align="alignnone" width="370"] သူ၏ လက်ရာများနှင့်အတူ တွေ့ရသော ဇွန်စီ[/caption]
[caption id="attachment_11083" align="alignnone" width="423"] မေဖူးသက်၏ လက်ရာ အနုပညာပြကွက်[/caption][caption id="attachment_11077" align="alignnone" width="720"] ဇွန်စီ၏ လက်ရာတစ်ချို့[/caption]
[caption id="attachment_11109" align="alignnone" width="720"] ဇာမင်းထိုက်၏ အနုပညာလက်ရာများနှင့် လာရောက်ကြည့်ရှုသူများ[/caption][caption id="attachment_11108" align="alignnone" width="720"] ''It's a Long Way” ပန်းချီနဲ့ အနုပညာပြပွဲဖွင့်ပွဲသို့ တက်ရောက်လာကြတဲ့ အနုပညာရှင်များ[/caption]