News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
TOYOTA ကား model အသစ် မိတ်ဆက်ခြင်းအခမ်းအနား
Editorial
September 17, 2014
Car
Local News
News
Aye and Sons Services LTD နှင့် TTAS CO LTD တို့ကပြုလုပ်တဲ့ Toyota ကား model အသစ်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ Toyota Land Cruiser ၊ Prado ၊ Hilux ၊ Camry နဲ့ Corolla တို့ကို ပြသမိတ်ဆက်ခဲ့တာပါ။ အခုပြသခဲ့တဲ့ ကား model အသစ်တွေနဲ့ပတ်သက်ပြီး TTAs Co Ltd ဟာ နောက်ဆုံးပေါ်နည်းပညာတွေ အသုံးပြုထားတဲ့ စက်ကိရိယာတွေနဲ့ Toyota မှ လေ့ကျင့်ပေးထားတဲ့ နည်းပညာရှင်တွေနဲ့ ဝန်ဆောင်မှုပေးသွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွင်း ကားအသုံးပြုသူများပြားလာတာနဲ့အမျှ Aye and Sons Services LTD အနေနဲ့ TTAS CO LTD နှင့်ပူးပေါင်းကာ ရန်ကုန်နဲ့ နေပြည်တော်မှာ မကြာခင်ကာလအတွင်း တိုးချဲ့လုပ်ကိုင်သွားရန်ကြိုးစားသွားမယ်လို့လည်း သိရပါတယ်။ ပွဲမှာ မိတ်ဆက်ခဲ့တဲ့ ကားမော်ဒယ်အသစ်တွေထဲက Toyota Corolla ဟာ ၂၀၁၄ ကားဒီဇိုင်းအသစ်ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ Land Cruiser က အမေရိကန်ဒေါ်လာ ၁၉၉,၃၀၀ ၊ Prado က အမေရိကန်ဒေါ်လာ ၁၁၄,၉၀၀ ၊ Hilux Duble အမေရိကန်ဒေါ်လာ ၄,၃၈၀၊ Hiace က အမေရိကန်ဒေါ်လာ ၃၇,၅၀၀၊ Camry က အမေရိကန်ဒေါ်လာ ၁၁၇,၇၀၀ နဲ့ Corolla ကတော့ အမေရိကန်ဒေါ်လာ ၃၅,၃၀၀ တို့ ဖြစ်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဖုန်း ၀၁ ၄၀၀၉၅၀ နဲ့ ၀၁ ၅၀၂၂၀၆ တို့ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း