[caption id="attachment_33326" align="alignnone" width="2000"]Softbank Group Corp. Chairman Masayoshi Son, left, and Akio Toyoda, right, President of Toyota Motor Corporation chat during a photo session during a press conference in Tokyo Thursday, Oct. 4, 2018. Japan窶冱 No. 1 automaker Toyota Motor Corp. and technology giant SoftBank Group Corp. say they are setting up a joint venture to create mobility services. (AP Photo/Eugene Hoshiko)[/caption]
ဒီခေတ်ကြီးမှာ သတင်းအချက်အ လက်တွေ နေ့စဉ်တိုးသွားများပြား လာတာနဲ့အမျှ အင်မတန်ရှုပ်ထွေးလှတဲ့ အဲဒီသတင်းအချက်တွေ Big Data ကိုဆန်းစစ်သုံးသပ်ရတာလည်း ခက်ခဲလာတယ်။ Toyota Motor နဲ့ Sotbank Group ဆိုတဲ့ ကုမ္ပဏီနှစ်ခုဟာ ဒီလိုသတင်းအချက်အလက် တွေကို ပူးပေါင်းဆောင်ရွက်သွားရေး အတွက် သဘောတူညီခဲ့ပါတယ်။ မောင်းသူမပါဘဲ ပို့ဆောင်ပေးတဲ့ မော်တော်ကားလုပ်ငန်း အပါအဝင်တခြား လုပ်ငန်းတွေအတွက် ပူးပေါင်းဆောင်ရွက်သွားကြမှာ ဖြစ်တယ်။
Softbank ဟာ အမေရိကန် နိုင်ငံက Uber ၊ တရုတ်နိုင်ငံက Didi Chuxing ၊ စင်ကာပူက Grab နဲ့ အိန္ဒိယက Ola ဆိုတဲ့ ဖုန်းနဲ့ ဆက်သွယ်စီးနိုင်တဲ့ တက္ကစီအငှားယာဉ် လုပ်ငန်းတွေမှာ အဓိကရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်တယ်။ ဒါကြောင့် Toyota ဟာ Softbank နဲ့ပူးပေါင်းပြီး လိုအပ်တဲ့ အချက်အလက်တွေကို လုပ်ငန်း အတွက် အကျိုးရှိရှိ အသုံးချသွားနိုင် မှာဖြစ်တယ်။ Toyota ဟာUber နဲ့ Grab တို့မှာလည်း ရင်းနှီးမြှုပ်နှံထား ပါတယ်။ မောင်းသူမပါတဲ့ ကားတွေ ကို တီထွင်သွားမှာဖြစ်တယ်။