News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
TOKYO BBQ DINING MANPUKU
Editorial
April 20, 2014
Dine & Wine
Leisure
ဂျပန်အစားအစာကိုမှကြိုက်နှစ်သက်ပါတယ်ဆိုသူများအတွက် သန့်ရှင်းသပ်ရပ်ပြီး ဆိတ်ငြိမ်အေးဆေးတဲ့နေရာလေးမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်တစ်ဆိုင်ကို မိတ်ဆက်ပေးချင်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ အသားတွေကိုစားသုံးသူတွေ ကိုယ်တိုင် ကိုယ်ကျ Barbecue လုပ်နိုင်မယ် MANPUKU ဂျပန်ဆိုင်အကြောင်းကို ဖော်ပြ ပေးလိုက်ပါတယ်။
ဆိုင်တည်နေရာ
အမှတ်- ၃၀၊ စကားဝါလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကတော့ ၀၁-၂၁၄၂၈၄ ၊ ၀၉-၈၃၀၀၄၂၆ ၊ ၀၉-၅၀၄၆၇၃၆ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန်
နေ့စဉ် နေ့လယ် ၃ နာရီကနေ ည ၁၁ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ သြင်္ကန်မှာလည်း ပိတ်ရက်မရှိ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
ဆိုင်စဖွင့်တဲ့နေ့၊ ဆိုင်နာမည်ပေးဖြစ်ပုံ
ကွန်တော်တို့ ဒီဆိုင်က ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ Tokyo မှာရှိတဲ့ Take Five Co Ltd ိ က မြန်မာနိုင်ငံမှာ ပထမဆုံးလာရောက် ဖွင့်လှစ်တာဖြစ်ပါတယ်။ ဆိုင်နာမည်ဖြစ်တဲ့ Manpuku ကတော့ ဂျပန်နာမည်ဖြစ်ပြီး မြန်မာလို အဓိပ္ပာယ်ဆိုရင် တော့ အစားအသောက်တွေစားပြီး ဗိုက်ပြည့်တယ်၊ပျော်ရွှင်မှု ရှိတယ်ဆိုတာပါ။ Manpuku ဆိုတဲ့နာမည်ကို ဂျပန်မှာရှိတဲ့ ဘွားဘွားလက်ထက်ကတည်းက ပေးထားဖြစ်ပြီး နှစ်ပေါင်း ၇၀ လောက်ရှိပါပြီလို့ ဆိုင်ရှင် ကိုကျော်ကျော်အောင်က ပြောပြခဲ့ပါတယ်။
ဆိုင်အပြင်အဆင်ပိုင်း
ဒီဆိုင်ရဲ့ Design ကိုတော့ ဂျပန်က ဒီဇိုင်းနာက ဆွဲပေးထား တာဖြစ်ပါတယ်။ ဒီမှာကတော့ ကျွန်တော့်သူငယ်ချင်း ကုမ္ပဏီ Apex ကနေပြီး တာဝန်ယူဆောင်ရွက်ပေးတာဖြစ်ပါတယ်။ စားပွဲပေါ်မှာ အသားကင်ရင် ထွက်လာတဲ့ညှော်နံ့တွေကို ထုတ်ဖို့ စားပွဲတိုင်းမှာ ကောင်းကောင်းမွန်မွန် လုပ်ထားတဲ့ Exhaust Fan တွေကို တပ်ထားပေးတယ်လို့ ဆိုပါတယ်။
ဆိုင်ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်
ကျွန်တော်တို့ကဂျပန်အစားအစာတွေကို ဈေးနည်းနည်းနဲ့ လူတိုင်းလိုလိုစားနိုင်အောင် ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့တာ ဖြစ်ပါ တယ်။ အခုမြန်မာပြည်က ဖွံ့ဖြိုးတိုးတက်လာပြီဆိုတော့ ယာခိနိခု(အသားကင်) စတိုင်လ်ကို မြန်မာတွေလည်း သိစေချင်ပါတယ်။ မြန်မာလူမျိုးတွေအနေနဲ့ အပြင်မှာစားတဲ့ ဓလေ့က အရင်တုန်းကထက်စာရင် တော်တော်လေးကိုများ လာတာကြောင့်လည်း ဒီဂျပန်အစားအစာတွေကို လူတွေသိ အောင်၊ စားတတ်လာအောင် ရည်ရွယ်ပြီးဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရရှိနိုင်တဲ့ Menu
ကျွန်တော်တို့ ယာခိနိခု(အသားကင်)ဆိုင်မှာ Appetizer အ နေနဲ့ဆိုရင် အဓိကကင်မ်ချီက သုံးမျိုးရှိပါတယ်။ မုန်ညှင်း ကင်မ်ချီ၊ မုန်လာဥကင်မ်ချီနဲ့ ဂျပန်သခွားသီးကင်မ်ချီ အချို တို့ဖြစ်ပါတယ်။ NEGI TANSHIO (အမဲလျာနှင့် ဂျပန် ကြက်သွန်မိတ်)ကလည်း ကျွန်တော်တို့ MANPUKU ဆိုင်ရဲ့ အဓိက Menu ဖြစ်ပါတယ်။ MANPUKU မှာ အဓိကရောင်းတာက အသားကင်ပါ။ အသားက အဆင် သင့်ကင်ပြီးသားမဟုတ်ဘဲ အသားစိမ်းကိုပဲ အရသာနဲ့ နယ်ပြီး ထုတ်ပေးထားတာပါ။ စားပွဲရောက်မှ Customer က ကိုယ်တိုင်ညှပ်နဲ့ယူပြီး စားပွဲပေါ်မှာရှိတဲ့ မီးဖိုနဲ့ကင်ရ တာဖြစ်ပါတယ်။ အဓိကရောင်းရတဲ့ Menu ကို ပုံသေ ထားပြီး နေ့တိုင်းSpecial Menu တွေကို အမြဲတမ်းထည့် ပေးနေတာဖြစ်တယ်လို့ဆိုပါတယ်။ Wagyu Beef ် (ဂျပန် အမဲ)၊ US အမဲ၊ ပင်လယ်စာ၊ ကြက်သား၊ ဟင်းသီးဟင်းရွက် မျိုးစုံအပြင် Soup။ Salad၊ Noodles၊ Stone Bowl Rice တွေ ရရှိနိုင်ပါတယ်။ Beverage မှာဆိုရင် Sake (ဆာကေး)၊Schochu ? Whiskey နဲ့ Fresh Juice တွေ ကိုလည်း ရရှိနိုင်တယ်လို့ သိရပါတယ်။
ဈေးနှုန်းပိုင်း
လူတိုင်းစားနိုင်အောင် ရည်ရွယ်ထားတဲ့ MANPUKU မှာ အနည်းဆုံး ကျပ် ၁၅၀၀ ကနေစတင်ပြီး အများဆုံး ကျပ်တစ်သောင်းထိရှိပါတယ်။ NEGI TANSHIO ကတော့ ၉,၈၀၀ ကျပ်ဖြစ်ပါတယ်။ Customer တွေ အကြိုက်ဆုံးအစားအစာ Customer တွေ အဓိကစားကြတာကတော့NEGI TANSHIO လို့ခေါ်တဲ့အစားအစာပါ။ အမဲလျာကို ပါးပါး လေး Slide လုပ်ထားပြီး ဂျပန်ကြက်သွန်မြိတ်နဲ့ Mix လုပ်ထားပါတယ်။ ဒီဟာကတော့ ကျွန်တော်တို့ဆိုင်ရဲ့ Main Menu ပါ။ လူကြိုက်အများဆုံး အစားအစာလည်းဖြစ်ပါတယ်။ နောက်ပြီး ဝက်လိုင်းသား၊ မိုးခိုသား၊ ဝက်နံရိုးတွေကိုလည်း ကြိုက်ကြတယ်လို့ ဆိုင်ရှင်ကိုကျော်ကျော်အောင်က ပြော ပြခဲ့ပါတယ်။
ဝန်ဆောင်မှုပိုင်း
ကျွန်တော်တို့ကတော့ QSC လို့ခေါ်တဲ့ Quality ၊ Service နဲ့ Cleaness ကို အဓိကထားပြီး Customer တွေအားလုံးကို Service ပေးနေပါတယ်။ အင်တာနက်၊ Wifi ကို Free ပေးထားပါတယ်။ တကယ်လို့ မွေးနေ့ပါတီ၊ Staff ပါတီတွေ ကျင်းပချင်တယ်ဆိုရင်လည်း ဝန်ဆောင်မှု ပေးပါတယ်။ တကယ်လို့ ကျင်းပချင်တယ်ဆိုရင် Course အနေနဲ့ရော၊နာရီပိုင်းအနေနဲ့ပါ ဝန်ဆောင်မှုပေးပါတယ်။ ဃသကမျန အနေနဲ့ယူမယ်ဆိုရင် အနည်းဆုံး ၁၅,၀၀၀ ကနေ စပြီးယူ ပါတယ်။ ဟင်းအစုံနဲ့ အချိုရည်တွေပေးပါတယ်။ အသားကောင်းကောင်းစားချင်တယ်ဆိုရင်လည်း ၃၅၀၀၀၊ လေး သောင်းအထိ ရှိတယ်လို့သိရပါတယ်။
အဓိက လာရောက်ကြတဲ့ဧည့်သည်တွေ
ကျွန်တော်တို့ အဓိကရည်ရွယ်တာကတော့ မြန်မာတွေကို စားစေချင်တာပါ။ ဒါပေမဲ့ အခုမြန်မာနိုင်ငံမှာ ဂျပန်တွေက အများကြီးရောက်နေကြပြီး သူတို့က ရိုးရာအစားအစာကို စားချင်တာဆိုတော့ အခုလောလောဆယ်မှာသူတို့ပဲ လာကြ တာများပါတယ်လို့ ဆိုပါတယ်။
အစားအစာတွေအတွက် Hygiene နဲ့ပတ်သက်ပြီး စီစဉ်ထားရှိပုံ
Hygiene နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ှအေ် တွေကို သန့်သန့်ရှင်းရှင်းထားပါတယ်။ အသားတွေကိုလည်း တစ် နေ့စာအတွက် ကိုယ်တိုင်ဈေးဆင်းပြီး နေ့တိုင်းဝယ်ပါတယ်။ ရေခဲသေတ္တာကိုလည်း တကယ့်အကောင်းစားတွေ သုံးထား တာဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။
အနာဂတ်အစီအစဉ်
Manpuku ဆိုင်က ဂျပန်နိုင်ငံမှာရှိပါတယ်။ နောက်ပြီး အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မှာလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာကတော့ ဒီဆိုင်ကပထမဆုံးပါ။ အခု ဒီဆိုင် စဖွင့်ပြီးအောင်မြင်ရင် နောက်ထပ်ဆိုင်ခွဲတွေဖွင့်ဖို့ ရည်ရွယ် ထားတယ်လို့ ဆိုပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
Starbucks ဆိုင်ခွဲများ တိုးချဲ့ခြင်းပြန်လည်စတင်
Posted On July 21, 2022, By Editorial
ဓနုဖြူဒေါ်စောရီမြန်မာထမင်းဆိုင် (ယောမင်းကြီး) ဆိုင်ခွဲဖွင့်လှစ်
Posted On July 5, 2022, By Editorial
Father's Day Unlimited BBQ Buffet Dinner at Chatrium
Posted On June 18, 2022, By Editorial
Father's Day အတွက် Novotel Yangon Max ဟိုတယ်က အထူးအစီအစဉ် ၂ မျိုး
Posted On June 18, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း