TOKI Bakery & Cafe နဲ့ပတ်သက်လို့ ပိုင်ရှင်ဖြစ်သူ မဝင်းလဲ့မိုးခိုင်က ဖြေကြားပေးထားပါတယ်။
စတင်ဖွင့်လှစ်ခဲ့ပုံ
------------------
၂၀၁၅ ခုနှစ်မှာ Online Bakery အနေနဲ့လုပ်ခဲ့ပြီး ဆိုင်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁ ရက်မှာ စဖွင့်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် ဆိုင်ဖွင့်ခဲ့တာ တစ်နှစ်ရှိပါပြီ။ နိုင်ငံတကာအဆင့်မီတဲ့ မုန့်အမျိုးမျိုးထုတ်လုပ်နိုင်ပြီး မြန်မာနိုင်ငံ Bakery လောကထဲမှာလည်း အောင်မြင်တဲ့ဆိုင်တစ်ဆိုင်ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။
ဆိုင်မှာရနိုင်တဲ့ အစားအစာတွေနဲ့ ဝန်ဆောင်မှုတွေ
----------------
Mousse Cake ၊ Cheese Cake ၊ Dessert ၊ Coffee and Drink ၊ Sandwich စတာတွေ ရရှိမှာဖြစ်ပါတယ်။ အဓိကကတော့ Cheese Cake ၊ Mousse Cake တွေကို အလေးပေးတာများပါတယ်။ Dessert ပိုင်းဆိုရင်လည်း ဆန်းသစ်တဲ့ Dessert တွေကို ကိုယ်တိုင်တီထွင်ဖန်တီးထားပါတယ်။
စားသုံးသူတွေရဲ့ လိုအပ်ချက်ပေါ်လိုက်ပြီး Catering Service တွေ လိုက်လုပ်ပေးပါတယ်။ ဆိုင်မှာ Birthday Party ၊ Anniversary ၊ Suprise Party ၊ Event တွေ လုပ်ချင်ရင်လည်း စီစဉ်ပေးပါတယ်။
ဆိုင်ရဲ့ ထူးခြားတဲ့အချိုပွဲ
-------
Flower Pot Cake ဆိုရင် မြန်မာနိုင်ငံမှာ ကျွန်မတို့ ပထမဦးဆုံးစလုပ်တာလို့ ပြောလို့ရပါတယ်။ ဒီကိတ်လေးက ပန်းအိုးလေးထဲမှာ ပန်းပွင့်လည်း ပွင့်နေတဲ့ပုံစံဖြစ်ပါတယ်။ အောက်မှာ ကိတ်အသားခံထားပြီး ပန်းပွင့်ပုံစံအမျိုးမျိုးကိုတော့ Mousse သားအိအိလေးတွေနဲ့ ချစ်စဖွယ် ပုံဖော်ထားပါတယ်။
ဈေးနှုန်း
--------
ဈေးနှုန်းကတော့ ကျပ်တစ်ထောင်ကနေစပြီး ကျပ်ခြောက်ထောင်အထိ ဖြစ်ပါတယ်။ Order Cake တွေကတော့ ပေါင်အလိုက် ကျပ် ၁၅,၀၀၀ ကနေ သိန်းဂဏန်းဝန်းကျင်အထိ လိုချင်တဲ့ပုံစံပေါ်လိုက်ပြီး ကုန်ကျနိုင်ပါတယ်။
ဆိုင်ဖွင့်ချိန်
------------
မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ပိတ်ရက်မရှိဖွင့်ပါတယ်။
Promotion ၊ အနာဂတ်အစီအစဉ်
-------------
ဆိုင်စဖွင့်စအချိန်ကနေ အခုအထိ အလျဉ်းသင့်သလို Promotion တွေ လုပ်ခဲ့ပါတယ်။ ပြီးတော့ Online မှာ ပြိုင်ပွဲလေးတွေလုပ်တာလို စားသုံးသူတွေစိတ်ဝင်စားမယ့် အစီအစဉ်တွေလုပ်ခဲ့ပြီး ရှေ့ဆက်ပြီးလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ အစီအစဉ်တွေ လုပ်သွားဦးမှာပါ။ ဆိုင်ခွဲ ဖွင့်ဖို့လည်း အစီအစဉ်ရှိပါတယ်။
ဆိုင်တည်နေရာ၊ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်
------------------
Room(4) ၊ Building (4) ၊ Hlaing Myint Mo Housing ၊ Kan Street ၊ Yangon
Phone: 09970221973 ၊ 09795388053 ၊ 09972610985
Facebook www.facebook.com/Toki-Bakery&Cafe'