TIN TIN Mexican Street Food & Tequila bar

tintin1

Mexican Street Food ကိုမှ စားသုံးချင်တဲ့သူတွေအတွက် Mexican အရသာ၊ Style နဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ Mexican Street Food & Tequila Bar နဲ့ မိတ်ဆက်ပေးပါရစေ။

tintin2

ဆိုင်တည်နေရာ

အမှတ် - ၁၁၆- ၁၁၈၊ ဗိုလ်ကလေးဈေးလမ်း (အလယ်ဘလောက်)၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်။ ဖုန်းနံပါတ်ကတော့ ၀၉ ၂၄၅ ၉၀၄ဖြစ်ပါတယ်။ www.tintinyangon.com နဲ့ www.facebook.com/tintinyangon မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဆိုင်ဖွင့်ချိန်

မနက် ၁၁ နာရီကနေ ည ၁၁ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။

tintin4

စတင်ဖွင့်လှစ်တဲ့နေ့နဲ့ ရည်ရွယ်ချက်

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ အဓိကကတော့ Mexican Food ကို ဧည့်သည်တွေ အလွယ်တကူမြန်မြန်နဲ့ ဝင်ရောက်စားသုံးနိုင်ဖို့နဲ့ Take Away လုပ်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

ရနိုင်တဲ့ Menu တွေ

Mexican တွေရဲ့ Favourite ဖြစ်ပြီး Street Food အနေနဲ့ သိပ်ကိုနာမည်ကြီးတဲ့ Burrito တို့ Quesadillas တို့ ရနိုင်ပါတယ်။ Taco အပြင် အမျိုးအစားစုံလင်တဲ့ Mexican ဟင်းလျာတွေ၊ အသားဟင်းလျာတွေ ရနိုင်ပါတယ်။   Mexican တွေက အမဲသားကြိုက်တဲ့အတွက် အမဲသား၊ ဝက်သားတို့နဲ့ဟင်းတွေ ရနိုင်ပါတယ်။ Burger ထဲမှာဆို Mexican Cemita Burger နဲ့ Pulled Pork Burger တွေကို ရနိုင်ပါတယ်။ Drink ပိုင်းဆိုရင်တော့ Tequila ကို အခြေခံပြီးလုပ်တဲ့ Cocktail Tequila တွေ၊ Red Wine ၊ White Wine ၊ Beer တွေ ရနိုင်ပါတယ်။ Ingredient  တော်တော်များများကိုတော့ Import လုပ်ပါတယ်။

tintin5

ဈေးနှုန်းအပိုင်း

ဈေးနှုန်းအနေနဲ့ အစားအသောက်ဆိုရင် အနိမ့်ဆုံး မြန်မာငွေ ငါးထောင်ကျပ်ကနေ အမြင့်ဆုံး နှစ်သောင်းကျပ်အထိ ရှိပါတယ်။ Drink ပိုင်းမှာ Wine ဆိုရင်တော့ မြန်မာငွေကျပ် ၂၅,၀၀၀ ကနေ ခုနစ်သောင်းလောက်ထိ ရှိပါတယ်။

Promotion/Discount

Happy Hour 4:30 p.m - 6:30 p.m အချိန်မှာ အဓိက Drink ကို Buy One Get One Free ပုံစံအနေနဲ့ စီစဉ် ပေးထားပါတယ်။ ဒီထဲမှာ Wine တွေ၊ Beer တွေ၊ ကျွန်တော်တို့ရဲ့ Signature Cocktail တွေပါပါမယ်။

ဆိုင်မှာရှိတဲ့ Chef နဲ့ Bartender တွေက

အဓိကကတော့ အစားအသောက်ပြင်ဆင်မှုနဲ့ အရသာကို Mexican Style ဖြစ်အောင် ထိုင်းက Mexican Chef ကို ဖိတ်ခေါ်ပြီး သူ့အကူအညီနဲ့အတူ ပြည်တွင်းက Chef ငါးယောက်နဲ့ လုပ်ဆောင်နေပါတယ်။ Drink ပိုင်းကိုတော့ အတွေ့အကြုံရှိတဲ့ Bartender က ဦးဆောင်ပြီး လုပ်ဆောင်ပါတယ်။

tintin3

ဝန်ဆောင်မှု

ဒီမှာက Lunch နဲ့ Dinner အပြင် Take Away ပါ ရနိုင်အောင် စီစဉ်ပေးထားပါတယ်။ 57 Below အောက်မှာရှိတဲ့ Restaurant တွေ ဖြစ်တဲ့ Union Bar ၊ Gekko ၊ Parami Pizza ၊ Tin Tin တို့ကနေ ကိုယ်လိုချင်တဲ့ အစားအသောက်အမျိုးအစားနဲ့ ဧည့်ခံမှုပုံစံကိုပါ မှာယူလို့ရနိုင်ပါတယ်။ ဧည့်သည် ဆယ်ယောက်အထက် Out Door Party ကို လိုအပ်တဲ့ Requirement အတိုင်း ဝန်ဆောင်မှုပေးပါတယ်။ 57 Below ကို ဖုန်းနံပါတ် ၀၉ ၇၉၃၆၂၀၈၁၁ ကနေ ဆက်သွယ်နိုင်ပါတယ်။

အများဆုံးလာတဲ့ Customer တွေ

လောလောဆယ်တော့ Japanese Customer တွေ၊ European တွေ တော်တော်များများလာကြပါတယ်။ ပြည်တွင်းထက် နိုင်ငံခြားသားတွေလာတာ ပိုများပါတယ်။

အနာဂတ်မှာ လုပ်ဆောင်မယ့်အစီအစဉ်

စားသောက်ဆိုင်လုပ်ငန်းဈေးကွက်ကို လေ့လာပြီး စားသုံးသူတွေ တောင်းဆိုတာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လုပ်ဆောင်မှာပါ။

လင်းသူ