ကိုယ့်ရဲ့ကိုယ်ပိုင်အားလပ်ချိန်လေးတွေမှာ တစ်ယောက်တည်းဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် လွတ်လပ်ပြီးအေးဆေးတဲ့နေရာလေးမှာ အနားယူအပန်းဖြေလိုတဲ့သူတွေအတွက် Time Out Sports Bar ကို ညွှန်ပြပေးချင်ပါတယ်။
ဆိုင်တည်နေရာ
Novotel Hotel Yangon Max လေးလွှာမှာရှိပြီး ဖုန်းနံပါတ် ၀၁-၂၃၀၅၈၅၈ ကို ဆက်သွယ်နိုင်သလို www. facebook.com/ Time Out မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
ဆိုင်ဖွင့်ချိန်
ဆိုင်ဖွင့်ချိန်က နေ့လယ် ၃ နာရီကနေ ည ၁၁ နာရီထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။
စတင်ဖွင့်လှစ်တဲ့ ခုနှစ်နဲ့ ရည်ရွယ်ချက်
၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၄ရက်က ဖွင့်လှစ်ခဲ့ပါတယ်။ အဓိကကတော့ Sport ဆန်ဆန်နဲ့ လွတ်လွတ်လပ်လပ်ရှိမယ်၊ အစားအသောက်တွေလည်း မှာစားနိုင်အောင် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာပါ။
ရနိုင်တဲ့ Menu
အစားအစာပိုင်းမှာဆိုရင် Salads ၊ Sandwich ၊ Pizza ၊ Snack နဲ့ Desserts တွေရနိုင်ပြီး Grilled Chicken Sandwich ၊ Beef Burger နဲ့ Beef Mini Burger တွေကတော့ အမှာများတဲ့ အစားအစာထဲမှာ ပါဝင်ပါတယ်။ Drink ပိုင်းမှာဆိုရင်တော့ Classic Cocktail နဲ့ Signature Cocktail တွေအပြင် Scotch Whisky ၊ American Whisky ၊ Gin ၊ Vodka ၊ Tequila တွေနဲ့ Beer လည်းရပါတယ်။ ဒါအပြင် Time out Formula Cocktail ကိုလည်း သုံးဆောင်နိုင်ပြီး Customer တွေ အဆင်ပြေအောင် Indoor Smoking Area ထားပေးထားသလို၊ Cigar Room တွေလည်း ထားရှိပေးထားပါတယ်။
Sports Bar ရဲ့ Chef တွေက
အဓိက Executive Chef ဖြစ်တဲ့ Mr Pedro ကတော့ Spain ကပါ။ နောက်ပြီး France က Chef တစ်ယောက် ရှိသလို Bakery ပိုင်းနဲ့ Desserts ပိုင်းကို တာဝန်ယူထားတဲ့ France က Mr. Benjamin ဆိုတဲ့ Chef တစ်ဦး အပြင် စားဖိုမှူးအဖွဲ့နဲ့ အကူအဖွဲ့တွေလည်းရှိပါတယ်။
ဝန်ဆောင်မှု
ဒီမှာသူငယ်ချင်းအဖွဲ့တွေနဲ့ အားကစားဝါသနာပါတဲ့ သူတွေအတူတူစုပြီး ဘောလုံး၊ ရပ်ဘီတို့လို အားကစားတွေကို Live ကြည့်နိုင်သလို ပိုပြီးအသက်ဝင်စေဖို့ အားပေးတဲ့ပရိသတ်ကို အနီ၊ အဝါကတ်ပေးထားပြီး ကိုယ်အားပေးတဲ့အသင်းနိုင်သွားရင် Free Drink ပေးပါတယ်။ မွေးနေ့နဲ့ ပါတီတို့အတွက်လည်း ဝန်ဆောင်မှုပေးပါတယ်။ ဒါအပြင် လတစ်လရဲ့ အစ စနေနေ့တွေ မှာ Salsa Night ဆိုတာရှိပါတယ်။
ဈေးနှုန်းအပိုင်း
Drink ပိုင်းမှာဆိုရင် အနိမ့်ဆုံး အမေရိကန်ဒေါ်လာ လေးဒေါ်လာကနေပြီး ဒေါ်လာ ၂၀ လောက်ထိရှိပါတယ်။ Food ပိုင်းမှာဆိုရင် ခုနစ်ဒေါ်လာကနေစပြီး ၁၈ ဒေါ်လာထိရှိပါတယ်။ အချိုပွဲတွေကို လေးဒေါ်လာကနေပြီး စတင်မှာယူနိုင်ပါတယ်။ မွေးနေ့၊ ပါတီတို့အတွက် နှစ်နာရီအတွင်း Wine ၊ Beer နဲ့ Soft Drink တွေကို Free Flow ပေးပြီး တစ်ဦးကို အမေရိကန် ဒေါ်လာ ၂၅ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး Snack ပါဝင်မယ်ဆိုရင်တော့ ၃၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ သုံးနာရီဆိုရင်တော့ ဆယ်ဒေါ်လာ ထပ်ပေါင်းပါတယ်။
Promotion ၊ Discount
Happy Hour ကို ညနေ ၄ နာရီကနေ ၆ နာရီထိ Beer ၊ Signature Cocktail စတာတွေကို Bye One Get One Free ပေးပါတယ်။ Accor Advantage Plus ကတ်ရှိမယ်ဆိုရင် ၁၅ ရာခိုင်နှုန်း Discount ရမှာပါ။ နောက်တစ်ခုကဒီ Novotel Hotel မှာရှိတဲ့ Square Restaurant က Sunday Branch ကနေ တစ်ဆင့်လာတဲ့သူတွေကို တော့ ၂၀ ရာခိုင်နှုန်း လျော့ပေးပါတယ်။
အနာဂတ်အစီအစဉ်
၂၀၁၆ ခုနှစ်မှာ Cocktail Level Night ၊ Beer Level Night တို့လုပ်ဖို့ရှိသလို လပြည့်နေ့တိုင်း Promotion တွေ Party တွေလုပ်ဖို့ ရှိပါတယ်။
လင်းသူ