ဒီစာအုပ်က အသက်မွေးဝမ်းကျောင်းအလုပ်ရွေးချယ်မှုနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမဲ့ အောင်မြင်ပြီး ငွေကြေးကြွယ်ဝချမ်းသာတဲ့ဘဝကို တည်ဆောက်တဲ့နေရာမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ဒီစာအုပ်က ၁၉၃၀ ပြည့်နှစ်ဝန်းကျင်ကတည်းက ရှိခဲ့တာဆိုတော့ သင်အဘိုး၊ အဘွားတွေတောင် ဖတ်ဖူးခဲ့နိုင်ပါတယ်။ ဒီစာအုပ်ထဲမှာ အဲဒီအချိန်တုန်းက အချမ်းသာဆုံးလူတချို့ရဲ့ ငွေရအောင်လုပ်တဲ့ လျှို့ဝှက်နည်းလမ်းတွေကို ဖော်ပြထားပါတယ်။
Andrew Carnegie နဲ့ Henry Ford တို့က သူတို့ရဲ့ ကံကောင်းခြင်းနဲ့ ကြွယ်ဝချမ်းသာမှုတွေကို ဘယ်လိုအရယူခဲ့ကြလဲဆိုတာ သင်အမြဲတမ်း အံအားသင့်နေမိတယ်ဆိုရင် အဲဒီအတွက်အဖြေကို ဒီစာအုပ်ထဲမှာ တွေ့ပါလိမ့်မယ်။ နောက်ပြီး ဒီစာအုပ်ထဲမှာ Hill က အောင်မြင်မှုကို ရှာဖွေနိုင်မယ့် လုပ်ဆောင်စရာအဆင့် ၁၃ ဆင့်ကိုလည်း မျှဝေထားပါတယ်။
ဒီစာအုပ်ရဲ့ မူရင်းတင်ပြပုံကို ဖတ်ပြီးပြီဆိုရင်တော့ Sharon Lechter ရေးသားထားတဲ့ Think and Grow Rich for Women စာအုပ်ကို ထပ်ဖတ်ကြည့် လိုက်ပါဦး။