The Yangon Restaurant

ဒီတစ်လမှာတော့ ဥရောပအစားအစာတွေကို ခေတ်မီအပြင်အဆင်တွေနဲ့ ခံစားနိုင်မယ့် စားသောက်ဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

YangonRestaurant6

တည်နေရာနဲ့ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် . . .

ဆိုင်ကို အလုံလမ်း၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်ဝင်းထိပ်မှာ ဖွင့်လှစ်ထားပြီး facebook/TheYangon Restaurant ၊ www.theyangonrestaurant.com နဲ့ ဖုန်းနံပါတ် ၀၉- ၉၆၄၃၇၀၁၇၇ တို့ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

YangonRestaurant1

လုပ်ငန်းစတင်ဖြစ်ပုံနဲ့ဆိုင်အပြင်အဆင်ပိုင်း . . .

Fine Dining ကို ဝန်ဆောင်မှုပေးချင်တာကြောင့် ဆိုင်ကို ၂၀၁၆ ခုနှစ် နှစ်လယ်လောက်ကစပြီး ဖွင့်လှစ်ဖြစ်ခဲ့ပါတယ်။ ဆိုင်ကိုအတွင်းပိုင်းမှာ မီးဆိုင်းတွေနဲ့အလှဆင်ပုံဖော်ထားပြီး ဆိုင်မှာ အေးအေးဆေးဆေး စားသောက်ရင်း စန္ဒရားဂီတသံကို ဆိုင်အပြင်ဘက်မှာရှိတဲ့ ပန်းခြံရှုခင်းကို ကြည့်ရှုရင်း နားဆင်နိုင်ဖို့လည်း ပြင်ဆင်ထားပါတယ်။

YangonRestaurant4

ရရှိနိုင်တဲ့ ဟင်းလျာတွေ . . .

ဆိုင်မှာ အဓိကကဟင်းလျာအနေနဲ့ဥရောပဟင်းလျာတွေကို တည်ခင်းထားပါတယ်။ နောက်ပြီး ရာသီဥတုနဲ့ကိုက်ညီတဲ့ ဟင်းလျာတွေရရှိနိုင်အောင် ဟင်းလျာတွေကို ရာသီအလိုက်အပြောင်းအလဲတွေလုပ်ပြီး ဝန်ဆောင်မှုပေးနေပါတယ်။ Australian Beef Tenderloin served with Wagyu Brisket ၊ Warm Chocolate Foundant served with Caramelised Banana နဲ့ Popcorn and Hazelnut Ice Cream တို့ကို Customer တွေကို Recommend ပေးချင်ပါတယ်။

YangonRestaurant3

တခြားဘယ်လိုဝန်ဆောင်မှုတွေ ပံ့ပိုးပေးထားလဲ . . .

ဆိုင်မှာ မင်္ဂလာပွဲတွေ၊ စည်းဝေးပွဲလေးတွေကိုလည်း လာရောက်ကျင်းပပြုလုပ်နိုင်ပါတယ်။ ဆိုင်ကို လာရောက်မယ့် Customer တွေအနေနဲ့ ဆိုင်ကိုမလာခင်ကြိုပြီး Reservation လုပ်ဖို့ လိုပါတယ်။ ဆိုင်ပတ်ဝန်းကျင်က ကျယ်ဝန်းတဲ့အတွက် ကား Parking အတွက်တော့ စိတ်ပူစရာမလိုပါဘူး။

ဆိုင်ဖွင့်ချိန် . . .

ရုံးဖွင့်ရက်တွေဖြစ်တဲ့ အင်္ဂါနေ့ကနေ သောကြာနေ့အထိကတော့ နေ့လည် ၁၂ နာရီကနေ ၃ နာရီထိ နေ့လယ်စာ လာရောက်စားသုံးနိုင်ပြီး ညနေ ၆ နာရီကနေ ည ၁၁ နာရီအထိ ညစာလာရောက်သုံးဆောင်နိုင်ပါတယ်။ စနေ၊ တနင်္ဂနွေမှာတော့ မနက် ၁၀ နာရီခွဲကနေ ညနေ ၃ နာရီထိ Brunch ကို လာရောက်သုံးဆောင်နိုင်ပြီး ညစာကိုကတော့ ညနေ ၆ နာရီကနေ ည ၁၁ နာရီအထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ တနင်္လာနေ့မှာတော့ ဆိုင်ပိတ်ပါတယ်။

YangonRestaurant2

ထူးခြားချက် . . .

ဆိုင် Logo မှာ ဆင်ပုံလေး ဒီဇိုင်းထွင်ထားတာကို တွေ့ရမှာပါ။ ဒါဟာ ဘာကြောင့်လဲဆိုရင် မြန်မာလူမျိုးတွေက ဆင်ကို ကံကောင်းခြင်းအနေနဲ့ ယူဆကြတဲ့အတွက် ဆိုင်ကို ဒီဇိုင်းဆွဲပေးသူနဲ့ တိုင်ပင်ပြီး ပုံဖော်ထားတာ ဖြစ်ပါတယ်။

YangonRestaurant5

ဈေးနှုန်းပိုင်း . . .

ဈေးနှုန်းပိုင်းအနေနဲ့ကတော့ ကျွန်တော်တို့ဆီမှာ ၅,၀၀၀ ကျပ်ကနေ စပြီးရရှိနိုင်ပါတယ်။ ဆိုင်မှာရရှိနိုင်တဲ့ ဟင်းလျာတွေနဲ့ ဈေးနှုန်းတွေကို The Yangon Restaurant ရဲ့ Website မှာ ပြည့်ပြည့်စုံစုံ တင်ပေးထားပါတယ်။