The Windermere Hill
Café & Restaurant
ကျယ်ဝန်းတဲ့နေရာထိုင်ခင်း၊ ဆိတ်ငြိမ်အေးချမ်းတဲ့ပတ်ဝန်းကျင်နဲ့ ကောင်းမွန်တဲ့အစားအစာတွေကို စားသုံးချင်သူတွေအတွက် ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်က The Windermere Hill ဆိုတဲ့ ဆိုင်လေးကို ညွှန်ပြချင်ပါတယ်။
ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် . . .
အမှတ် ၆၃ ၊ ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့မှာတည်ရှိပြီး ဖုန်းနံပါတ်ကတော့ ၀၉၄၅၀၄၁၅၇၇၅၊ ၀၉၇၈၀၃၆၅၉၀၂ ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန် . . .
ဆိုင်ဖွင့်ချိန်က မနက် ၇ နာရီကနေ ည ၁၀ နာရီ အထိ ဖြစ်ပါတယ်။
စတင်ဖွင့်လှစ်တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက် . . .
၂၀၁၅ ခုနှစ်၊ မတ်လလောက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ဆိုင်ကိုလာတဲ့ ဧည့်သည်တွေအတွက် စိတ်ကျေနပ်မှုပေးနိုင်တဲ့ဆိုင် ဖြစ်စေချင်တာပါ။
ဝန်ဆောင်မှု . . .
ဆိုင်အတွင်းမှာ Wi Fi Free ပေးထားပါတယ်။ ကျယ်ဝန်းတဲ့နေရာထိုင်ခင်းနဲ့ Roof Top လည်း ရှိပါတယ်။ ညဘက် Dinner တွေလည်း လုပ်လို့ရပါတယ်။ Conference Room လည်းရှိပြီး တစ်နာရီကို နှစ်သောင်းကျပ်နဲ့ အသုံးပြုနိုင်ပါတယ်။
ရနိုင်တဲ့ Menu တွေက . . .
Breakfast ၊ Lunch ၊ Dinner Menu တွေရနိုင်ပါတယ်။ Oriental နဲ့ Asian Food တွေရနိုင်ပါတယ်။ Alcohol လုံးဝမရောင်းဘဲ Beverage တွေတော့ ရနိုင်ပါတယ်။
ဈေးနှုန်းအပိုင်း . . .
ပျမ်းမျှကတော့ ကျပ်ထောင့်ငါးရာ၊ နှစ်ထောင်ကနေစပြီး အများဆုံးကတော့ ကျပ်တစ်သောင်း ဖြစ်ပါတယ်။
Promotion နဲ့ Discount . . .
Promotion ကတော့ ၁၀ ရာခိုင်နှုန်း Discount Card တွေ ရှိပါတယ်။ ဇူလိုင်လအထိပါ။
အနာဂတ်အစီအစဉ် . . .
အနာဂတ်အစီအစဉ်အနေနဲ့ကတော့ လက်ရှိ Delivery System ကို ပိုကောင်းအောင်လုပ်ချင်ပါတယ်။
သန္တာညွန့်ဝင်း