The West Steakhouse

Steakhouse ဆိုတဲ့အတိုင်း Steak အမျိုးအစားအစုံကို အရသာရှိရှိ သုံးဆောင်နိုင်ပြီး အဖျော်ယမကာ စုံစုံလင်လင်ရနိုင်တဲ့၊ Business Lunch အတွက်လည်း ရွေးချယ်နိုင်တဲ့ The West Steakhouse နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်လေးရဲ့ Menu ပိုင်းကို တာဝန်ယူထားပြီး Chef အတွေ့အကြုံ ဆယ်နှစ်ကျော်ရှိတဲ့ Chef ကိုရဲလင်းက အခုလိုပြောပြထားပါတယ်။

thewest1

thewest3

ဆိုင်တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် . . .

တိုက် D ၊ အမှတ် ၁၂၊ မြေညီထပ်၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာတည်ရှိပြီး ဖုန်းနံပါတ် - ၀၉-၉၆၂၅၉၉၈၄၈ နဲ့ ၀၉-၉၇၆၁၁၅၅၆၁ တို့ကို ဆက်သွယ်နိုင်ပါတယ်။ အီးမေးလ်ကတော့ [email protected] ဖြစ်ပါတယ်။

ဆိုင်ဖွင့်ဖြစ်ခဲ့ပုံနဲ့ ဆိုင်နာမည်ပေးဖြစ်ပုံ . . .

ရန်ကုန်မှာ Bar တွေများတဲ့အတွက် သောက်စရာရော၊ စားစရာပါ ကောင်းကောင်းရနိုင်မယ့် Steakhouse ဖွင့်ဖြစ်ခဲ့ပါတယ်။ The West လို့ နာမည်ပေးဖြစ်တာက အနောက်တိုင်းအစားအစာ၊ အနောက်တိုင်းစတိုင်လ်ဆိုင် အပြင်အဆင်နဲ့ လိုက်ဖက်ညီညီ ပေးဖြစ်ခဲ့တာပါ။

thewest2

ဆိုင်ဖွင့်ချိန် . . .

တနင်္ဂနွေနေ့ ကနေ ကြာသပတေးနေ့အထိ နေ့လယ် ၁၂ နာရီကနေ ည ၁၁ နာရီအထိဖွင့်ပြီး သောကြာနေ့နဲ့ စနေနေ့တွေမှာတော့ နေ့လယ် ၁၂ နာရီကနေ ည ၁ နာရီအထိဖွင့်ပါတယ်။ နေ့လယ်စာကို နေ့လယ် ၁၂ နာရီ ကနေ ညနေ ၃ နာရီအထိ သုံးဆောင်နိုင်ပါတယ်။

ရရှိနိုင်တဲ့ Menu တွေနဲ့ Drinks . . .

Dinner Menu ကတော့ Starters & Salads ၊ Soups ၊ Grill ၊ Pasta & Pizza ၊ Burger ၊ Beer Bites ၊ Desserts ဆိုပြီး စုံစုံလင်လင်ရနိုင်ပါတယ်။ Drinks တွေဆိုရင် ပြင်သစ်၊ အီတလီ၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ အမေရိကန်က Red Wine & White Wine မျိုးစုံ၊ Moet & Chandon တံဆိပ် Champagne ၊ ယမကာမျိုးစုံ၊ Beer နဲ့ Cocktail & Mocktail မျိုးစုံရနိုင်ပါတယ်။

thewest5

ဆိုင်ကိုပထမဆုံးလာရင် မြည်းစမ်းစားကြည့်စေချင်တာ . . .

Steak ကိုတော့ မဖြစ်မနေ မြည်းစမ်းကြည့်စေချင်ပါတယ်။ Beef ဆိုရင် သြစတြေးလျကသွင်းတဲ့ Jack’s Creek (100 % Black Angus) ကိုပဲသုံးပါတယ်။ Jack’s Creek အမျိုးအစားက မွေးမြူရာမှာ ဟော်မုန်းဆေးတွေ လုံးဝမသုံးပါဘူး။ အဲဒီမှာမှ Rib Eye ၊ Striploin နဲ့ Prime Rib ဆိုပြီး Cut သုံးမျိုးရှိပါတယ်။ Grilled Pork Ribs တို့ ၊ Roasted Chicken တို့လည်း လူကြိုက်များပါတယ်။ နောက်ပြီး New Zealand Slow Braised Grilled Lamb Shank ၊ Duck Conflict နဲ့ Fish & Chips တို့လည်း Recommend လုပ်ချင်ပါတယ်။

ဈေးနှုန်းပိုင်း . . .

ဈေးနှုန်းပိုင်းကတော့ Starters & Salads ၊ Soups တို့က တစ်သောင်းကျပ်ဝန်းကျင်ပါ။ Steak တွေကတော့ နှစ်သောင်းကျပ်ကနေ ၃၅,၀၀၀ ကျပ်အတွင်းရှိပါတယ်။ Pasta & Pizza နဲ့ Burger တို့က ၁၅,၀၀၀ ကျပ်ဝန်းကျင် ဖြစ်ပါတယ်။

အပြင်ကနေ Bottle ယူလာမယ်ဆိုရင် Bottle Charges က တန်ဖိုးသုံးသောင်းကျပ်အောက် Bottle ဆိုရင် တစ်သောင်းကျပ်ယူပြီး သုံးသောင်းကျပ်အထက် Bottle ဆိုရင်တော့ သုံးသောင်းကျပ်ယူပါတယ်။

thewest4

ဆိုင်ရဲ့ထူးခြားချက်များ . . .

ဒီမှာအသုံးပြုတဲ့အသားတွေက ဘဲသားကလွဲပြီး ကျန်တဲ့အသားအကုန်လုံးကို Import လုပ်ပါတယ်။ Hygiene ၊ Certificate ၊ Halal Certificate တွေ ရထားပါတယ်။ ရောဂါပိုးတွေကင်းရှင်းကြောင်းလည်း ထောက်ခံချက်တွေ အကုန်ပါပါတယ်။ ဒီတော့ Steak ကို Medium တို့ ၊ Medium Rare တို့ စားတဲ့အခါမှာလည်း စိတ်ချလက်ချ သုံးဆောင်နိုင်ပါတယ်။ လူမျိုးဘာသာမရွေးလည်း သုံးဆောင်နိုင်ပါတယ်။

အင်္ဂါ၊ သောကြာနဲ့ စနေနေ့ညတွေမှာ Live Music Band ရှိပါတယ်။

နန္ဒာ