News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
DJ Music နဲ့ Live Music တွေကိုပါ တွဲဖက်နားဆင်နိုင်မယ့် The Standard
Editorial
March 17, 2014
Dine & Wine
Leisure
ကျယ်ဝန်းသပ်ရပ်ပြီး စိတ်ငြိမ်အေးချမ်းတဲ့ နေရာလေးမှာ ဖွင့်လှစ်ထားတဲ့၊ အမေရိကန် အစားအစာတွေအပြင် နေရာဒေသ အသီးသီးက ဝိုင်မျိုးစုံကိုရရှိနိုင်ပြီး DJ Music နဲ့ Live Music တွေကိုပါ တွဲဖက်နားဆင်နိုင်မယ့် The Standard ဆိုင်လေး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဆိုင်တည်နေရာ အမှတ်- ၁၀/K၊ ရွှေတောင်ကြားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။ ဖုန်းနံပါတ်တွေကတော့ ၀၉-၄၅၀၀၅၈၅၃၄၊ ၀၉-၄၂၅၃၂၃၉၀၈ တို့ကို ဆက်သွယ်နိုင်ပါတယ်။ E-mail အနေနဲ့ဆိုရင်thestandard.ygn @gmail.com ပဲဖြစ်ပါတယ်။ ဆိုင်စဖွင့်တဲ့နေ့နဲ့ ဆိုင်ဖွင့်ချိန် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၈ ရက်က ဆိုင်စတင်ဖွင့်လှစ်ခဲ့ တာဖြစ်ပြီး ဆိုင်ဖွင့်ချိန်အနေနဲ့ တနင်္လာနေ့ကနေ ကြာသပ တေးနေ့အထိ နံနက် ၁၁နာရီ ကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်ပြီး သောကြာနေ့နဲ့ စနေနေ့တွေမှာတော့ နံနက် ၁၁ နာရီကနေ ည ၁ နာရီထိ ဖွင့်လှစ်ထားတယ်လို့ သိရ ပါတယ်။ ဆိုင်ဖွင့်ရတဲ့ရည်ရွယ်ချက်နဲ့ ဆိုင်နာမည်ပေးဖြစ်ပုံ အဓိကရည်ရွယ်ချက်အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ဥရောပ နဲ့အီတာလံျ Fine Dinning တွေသာရှိပြီး အမေရိကန် Fine Dinning ဆိုတာ မရှိသေးတဲ့အတွက် ဖွင့်ဖြစ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ The Standard လို့ပေးဖြစ်တာ ကတော့ ကိုယ့်ဆိုင်ကို Standard တစ်ခုတည်ဆောက်ပြီး ကိုယ်ရည်မှန်းထားတဲ့ နေရာကို အဆင့်မြင့်မြင့် ကောင်း ကောင်းမွန်မွန် သွားချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို စဉ်းစားပြီး ပေးတာဖြစ်တယ်လို့ ဆိုပါတယ်။
ဆိုင်အပြင်အဆင်နဲ့ ဆိုင်ရဲ့ထူးခြားချက် ဆိုင်ထဲဝင်ဝင်ချင်းမှာပဲ Wine Stand တစ်ခုကို တွေ့ရမှာဖြစ် ပြီးတော့ ဆိုင်ပုံစံက အမေရိကန်စတိုင်လ် အဖြူနဲ့ အနက်အရောင်တွေကိုသာ သုံးထားတာက ဆိုင်ကိုအေးချမ်းတဲ့ အသွင် ဖြစ်စေပါတယ်။ ဆိုင်မှာနှစ်ထပ်ရှိပြီး အောက်ထပ်ကို မိသားစုသုံးဆောင်နိုင်တဲ့ ပုံစံပြုလုပ်ထားပြီး အပေါ်ထပ်မှာ တော့ Bar Counter နဲ့ သီးသန့်သုံးဆောင်နိုင်တဲ့ အခန်း တွေကို ထားရှိထားတာကိုလည်း တွေ့ရပါတယ်။ အထူးအစီ အစဉ်အနေနဲ့ သောကြာနဲ့ စနေနေ့တွေမှာ DJ Music တွေကို တွဲဖက်နားဆင်နိုင်ပြီး၊ ကြားရက်တွေမှာလည်း Live Music တွေကိုပါ နားဆင်နိုင်မှာဖြစ်ပါတယ်။ အစား အသောက်နဲ့ ပတ်သက်ပြီး အဓိကထူးခြားချက်ကတော့ အမေရိကန် အစားအစာဖြစ်တဲ့ အမဲသားကို တခြားဆိုင်တွေနဲ့ လုံး၀ မတူဘဲ အမေရိကန်မှာ သွားရောက်သုံးဆောင်ရသလို ပြင်ဆင်ချက်ပြုတ်ထားတဲ့အတွက် Customer တွေကလည်း ကြိုက်ကြတယ်လို့ ဆိုပါတယ်။ ဒါအပြင် Kitchen Room ကို လူမြင်ကွင်းမှာ ထားရှိပြီး စားသုံးသူတွေအနေနဲ့ စိတ်ချ လက်ချသုံးဆောင်နိုင်အောင် ပြုလုပ်ထားတွေကတော့ ဒီဆိုင် ရဲ့ထူးခြားချက်လေးတွေပါပဲ။ ရနိုင်တဲ့ Menu များ အမေရိကန် Fine Dinning ဖြစ်တဲ့အတွက် အမေရိကန် အစားအစာ အမဲသား၊ Bread၊ Cookie စတာတွေ အဓိက ရနိုင်ပါတယ်။ သြစတြေးလျက အမဲသားနဲ့ ချီလီက ဆန် ကိုပဲ အသုံးပြုချက်ပြုတ်ထားတယ်လို့ ဆိုပါတယ်။ ဟင်းသီး ဟင်းရွက်တွေကိုတော့ ၉၀ ရာခိုင်နှုန်းOrganic ဖြစ်တဲ့ အရွက်တွေကိုပဲ အသုံးပြုထားတဲ့အတွက် ကျန်းမာရေးနဲ့ ညီñွတ်မျတစေတယ်လို့ ဆိုပါတယ်။ Wine Seller ရှိတဲ့ အတွက် ကိုယ်ကြိုက်နှစ်သက်ရာ Wine အမျိုးအစားတွေကို ရွေးချယ်သုံးဆောင်နိုင်တယ်လို့လည်း သိရပါတယ်။
ဈေးနှုန်း ဈေးနှုန်းအနေနဲ့ကတော့ Dinning မှာ ဟင်းတစ်ပွဲကို ကိုး ဒေါ်လာ၊ မြန်မာငွေနဲ့ဆိုရင် ကိုးထောင်ကနေပြီး အမြင့်ဆုံး ၁၂၀,၀၀၀ ကျပ်ထိ ရှိတယ်လို့ သိရပါတယ်။ အပေါ်ထပ် ဘားမှာကတော့ အမြည်းတစ်ပွဲကို သုံးထောင်ကျပ်ကနေ ၁၅ç၀၀၀ ကျပ်ထိ ရှိပါတယ်။ Wine ဈေးနှုန်းတွေကတော့ ၂၆ ဒေါ်လာ ကနေ ဒေါ်လာ လေးထောင် ထိရှိတယ်လို့ သိရပါတယ်။ အများဆုံးလာရောက်ကြတဲ့ Customer တွေ အထက်တန်းလွှာအသိုင်းအဝိုင်းကို အဓိကပစ်မှတ်ထားတဲ့ အတွက် အထက်တန်းလွှာအသိုင်းအဝိုင်းနဲ့ နိုင်ငံခြားသား ဧည့်သည်တွေ အလာများတယ်လို့ သိရပါတယ်။ တချို့ Customer တွေကတော့ဆိုင်အပြင်အဆင်ကိုကြည့်ပြီး ဈေး တအားကြီးတယ်ထင်ပြီး မလာကြဘူးလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ ဘားကောင်တာမှာတော့ ဈေးအသင့်ပဲယူထားတဲ့ အတွက် လူလတ်တန်းစားတွေလည်း လာရောက်သုံးဆောင် ကြတယ်လို့ သိရပါတယ်။ ဝန်ဆောင်မှုအပိုင်း အမြဲတမ်းလာအားပေးတဲ့ Customer တွေကို Member ကတ်လုပ်ပေးပြီး ၁၀ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်း Discount ပေးထားပါတယ်။ Customer တွေ ရိုးမသွားအောင်လည်း ခြောက်လတစ်ခါလောက် Menu က ပြောင်းပေးထားတယ်လို့ သိရပါတယ်။Private Room တွေရှိတဲ့အတွက် မွေးနေ့ပွဲတွေ၊ Company တွေက ပွဲလုပ်တာတွေကိုလည်း စီစဉ်ပေးတယ် လို့ ဆိုပါတယ်။ အနာဂတ်အစီအစဉ် နောက်ပိုင်းမှာ Promotion အစီအစဉ်တွေ ထားရှိသွားမှာ ဖြစ်ပြီး Event တွေ၊ Special Day တွေဆိုရင် အဲဒီနေ့တွေ အတွက် Special Menu အသစ်တွေ လုပ်ပေးထားတယ်လို့ သိရပါတယ်။ လာစားတဲ့သူတွေ မပျင်းအောင်လို့ အစီအစဉ် အသစ်တွေ၊ Menu က အသစ်တွေနဲ့ ဆွဲဆောင်သွားမှာဖြစ်တယ် လို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
Starbucks ဆိုင်ခွဲများ တိုးချဲ့ခြင်းပြန်လည်စတင်
Posted On July 21, 2022, By Editorial
ဓနုဖြူဒေါ်စောရီမြန်မာထမင်းဆိုင် (ယောမင်းကြီး) ဆိုင်ခွဲဖွင့်လှစ်
Posted On July 5, 2022, By Editorial
Father's Day Unlimited BBQ Buffet Dinner at Chatrium
Posted On June 18, 2022, By Editorial
Father's Day အတွက် Novotel Yangon Max ဟိုတယ်က အထူးအစီအစဉ် ၂ မျိုး
Posted On June 18, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း