နိုင်ငံတကာ အစားအသောက်တွေကို သင့်တင့်တဲ့ဈေးနှုန်း ၊ ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့ လွတ်လပ်စွာ စားသုံးချင်တဲ့သူတွေအတွက် The SQUARE Restaurant ကို ညွှန်ပြပေးချင်ပါတယ်။
ဆိုင်တည်နေရာ . . .
NOVOTEL YANGON MAX HOTEL ငါးလွှာမှာရှိပြီး ဖုန်းနံပါတ် ၀၁-၂၃၀၅၈၅၈ ကို ဆက်သွယ်နိုင်သလို www.facebook.com/The Square Restaurant -394997787353431 မှာလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်။
ဆိုင်ဖွင့်ချိန် . . .
မနက် ၆ နာရီကနေ ည ၁၀ နာရီ ၃၀ မိနစ်ထိ ဖွင့်လှစ်ထားပါတယ်။
စတင်ဖွင့်လှစ်တဲ့ခုနှစ်နဲ့ ရည်ရွယ်ချက် . . .
၂၀၁၅ ခုနှစ် မေလ ၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Asia မှာရှိတဲ့ Novotel Hotel တိုင်းမှာ The Square Restaurant ရှိပါတယ်။ ရည်ရွယ်ချက်က ဘူဖေးအပြင်၊ အမယ်တစ်ခုချင်းစီပါ စားသုံးနိုင်အောင် ဝန်ဆောင်မှုပေးချင်လို့ပါ။
ရနိုင်တဲ့ Menu . . .
Asian Menu နဲ့ European Menu တွေ ရနိုင်ပါတယ်။ မြန်မာပုံစံ ငါးဖယ်သုပ်၊ အိန္ဒိယပုံစံဆိုရင် Chicken Tandoori Salad တွေ၊ European အစားအစာမှာဆိုရင် ပြင်သစ်က Salad တွေ စတဲ့ Starter ၊ Main Course နဲ့ Dessert တွေရနိုင်ပါတယ်။ ဘူဖေးမှာတော့ မနက်စာ၊ နေ့လယ်စာ၊ ညစာဆိုပြီး ရှိပါတယ်။ မနက်စာမှာဆို မပါမဖြစ်အနေနဲ့ မြန်မာ့ရိုးရာ မုန့်ဟင်းခါးဖြစ်ဖြစ်၊ ကြာဆံချက်ဖြစ်ဖြစ် တစ်ခုခုကိုတော့ ထည့်ထားပေးပါတယ်။ နေ့လယ်စာနဲ့ ဒင်နာဘူဖေးမှာဆိုရင် International Food အပြင် မြန်မာအစားအစာတွေပါအောင် ထည့်ထားပေးပါတယ်။ Theme အလိုက် အစားအစာတွေ ဖြစ်တဲ့ Mediterranean Food ၊ Japanese Food ၊ Sea Food ၊ Salad တို့လည်း တည့်ခင်းပေးထားပါတယ်။
Chef . . .
Spain လူမျိုး စားဖိုမှူးဖြစ်တဲ့ Mr.Pedro Carrillo က အားလုံးကိုဦးစီးပြီး လက်ထောက်စားဖိုမှူးနဲ့ စားဖိုမှူးအဖွဲ့ဝင်တွေနဲ့အတူ ပူးတွဲလုပ်ဆောင်ပါတယ်။
ဝန်ဆောင်မှု . . .
ဧည့်သည်ကို စိတ်ကျေနပ်အောင် အစားအစာတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးတယ်။ ဘယ်အစားအစာတွေက ဘယ်လို Drink နဲ့ လိုက်ဖက်သလဲဆိုတာလည်း ရှင်းပြပေးပါတယ်။ ဧည့်သည်က အဖွဲ့လိုက်၊ မိသားစုလိုက် ဘူဖေးစားချင်တယ်လို့ Request လုပ်ရင် Group Dining Area ဖန်တီးပေးပါတယ်။ ဒီအတွက်လည်း ဝန်ဆောင်ခ ထပ်ပေးဖို့ မလိုပါဘူး။ ဧည့်သည်က ဘူဖေးလည်း မစားချင်ဘူး၊ တစ်မျိုးစီလည်း မမှာချင်ဘူးဆိုရင် Set Menu တွေ လုပ်ပေးပါတယ်။
ဈေးနှုန်းအပိုင်း . . .
Set Menu ဆိုရင် တစ်မျိုးကို အမေရိကန်ဒေါ်လာ ၄၀ ကနေ ၆၀ ထိ ရှိပါတယ်။ မနက်စာဘူဖေးကို တစ်ဦးကို ၁၆ ဒေါ်လာနဲ့ နေ့လယ်စာကျတော့ တစ်ဦးကို ၂၅ ဒေါ်လာ ကျသင့်ပါတယ်။ ညစာကျတော့ တစ်ဦးကို ဒေါ်လာ ၃၀ ဖြစ်ပါတယ်။ ဝန်ဆောင်ခ ၁၅ ရာခိုင်နှုန်း ထည့်ပေါင်းပါတယ်။
အများဆုံး လာရောက်စားသုံးသူတွေ . . .
ပြည်တွင်းက ၆၀ ရာခိုင်နှုန်းလောက်ရှိပြီး Asian နဲ့ European က ၂၀ ရာခိုင်နှုန်းစီလောက် ရှိပါတယ်။
Promotion နဲ့ Discount . . .
ဗုဒ္ဓဟူးနေ့မှာဆို Mediterranean Night ဆိုတဲ့အစီအစဉ်ရှိပြီး ဒေါ်လာ ၃၀++ ကျသင့်မှာ ဖြစ်ပါတယ်။ Dinner အချိန်ကနေ စတင်ပြီး Spain ၊ France ၊ Italy ၊ Egypt ၊ Algeria စတဲ့ နိုင်ငံတွေက အစားအစာကို တည်ခင်းထားပါတယ်။ အဲဒီမှာ Free Flow အနေနဲ့ Wine ၊ Beer ၊ Soft Drink အပြင် Tea နဲ့ Coffee တွေလည်း ပါပါတယ်။ အပတ်စဉ် သောကြာနေ့တွေမှာလည်း Sea Food Night ဆိုပြီး အစီအစဉ်ရှိပြီး တစ်ဦးကို ဒေါ်လာ ၃၄++ ကျသင့်ပါတယ်။ တနင်္ဂနွေမှာဆိုရင် Sunday Brunch အစီအစဉ်ကို နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီထိ ဝန်ဆောင်မှုပေးပါတယ်။ Accor Plus Member ဝင်ဆိုရင် Discount အစီအစဉ်က တစ်ယောက်တည်းလာစားမယ်ဆိုရင် ၂၅ ရာခိုင်နှုန်း၊ နှစ်ယောက်ဆိုရင် ၅၀ ရာခိုင်နှုန်း၊ သုံးယောက်ဆို ၃၃ ရာခိုင်နှုန်း Discount ရမှာ ဖြစ်ပါတယ်။
အနာဂတ်အစီအစဉ် . . .
အနာဂတ်အစီအစဉ်တွေအနေနဲ့ Spanish Night အစီအစဉ်လုပ်ဖို့ ရှိပါတယ်။
လင်းသူ