The Rangoon Bar မိတ်ဆက်

Rangoon Bar 8 [caption id="" align="alignnone" width="720"]Rangoon Bar 4 Mr Raymond Lim
Director
Les Amis Holdings Corporate Office[/caption] စင်ကာပူနိုင်ငံ Les Amis Group နဲ့ Yangon's MFFT တို့ ပူးပေါင်းဖွင့်လှစ်တဲ့ The Rangoon Bar မိတ်ဆက်အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်က အဆိုပါ Bar တည်ရှိရာ Union Business Centre (UBC) ၊ တိုးချဲ့ဆောင် B ၊ နတ်မောက်လမ်း၊ ဗိုလ်ချိုရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ ပွဲမှာ The Rangoon Bar နဲ့ ပတ်သက်လို့ Les Amis Group ရဲ့ Director ဖြစ်သူ Mr. Raymond Lim က ရှင်းပြပေးခဲ့ပါတယ်။ နှစ်ထပ်အဆောက်အဦဖြစ်တဲ့ The Rangoon Bar မှာ Peperoni Pizzeria နဲ့ House of Singapura ဆိုတဲ့ Restaurant တွေ တွဲဖက်ပါဝင်ပြီး စားသောက်ဖွယ်ရာတွေနဲ့ အဖျော်ယမကာတို့ကို တစ်နေရာတည်းမှာ ခံစားနိုင်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့နဲ့အတူ တွဲဖက်မြင်ယောင်စေဖို့ ရည်ရွယ်ထားတဲ့ The Rangoon Bar ကို လာရောက်တဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ အိမ်တစ်အိမ်လို ခံစားမှုရှိစေဖို့ အဆောက်အဦအတွင်းအပြင်ပိုင်းကိုလည်း ပြင်ဆင်ပေးထားတယ်လို့ သိရပါတယ်။ Singapore နိုင်ငံရဲ့ Bespoke cocktail ဦးဆောင်တီထွင်သူတွေထဲမှ တစ်ဦးဖြစ်တဲ့ Singaporean mixologist Mr. Jeff Ho က ခံစားချက်အသစ်တွေကို ဖန်တီးပေးစွမ်းနိုင်မယ့် Bar တစ်ခု အဖြစ်တည်ထောင်ပေးသွားမယ်လို့ ဆိုပါတယ်။ အဲဒီနေ့က Punchbowl Cocktail (၆ ယောက်ကနေ ၁၂ ယောက်အထိ သောက်သုံးနိုင်တဲ့) ဆိုတဲ့ အစီအစဉ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ The Rangoon Bar မှာ Punchbowl တွေအပြင် ဝီစကီကြိုက်နှစ်သက်သူတွေအတွက် စကော့တလန် အဖျော်ယမကာကိုလည်း သုံးဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ [caption id="attachment_16735" align="alignnone" width="423"]Rangoon Bar 16 Mr Jeff Ho
Mixologist
The Rangoon Bar[/caption] Rangoon Bar 13   Rangoon Bar 12 Rangoon Bar 5 Rangoon Bar 2 Rangoon Bar 1 Rangoon Bar 11 Rangoon Bar 15 Rangoon Bar 10 Rangoon Bar 7 Rangoon Bar 6