ရေးသူ - Thomas H. Davenport ESifh Jinho Kim စာမျက်နှာပေါင်း - ၂၄၀ မျက်နှာ ထုတ်ဝေသည့်နေ့ - ၁၁-၆-၂၀၁၃ ဒီခေတ်ဟာ စာရင်းဇယားအချက်အလက်ခေတ် ဖြစ်ပါတယ်။ ကုမ္ပဏီကြီးကြီးသေးသေးဘယ်နေရာမှာပဲ လုပ်လုပ်၊ ဘဏ္ဍာရေး၊ နည်းပညာ၊ အားကစား၊ ရုပ်ရှင်၊ နိုင်ငံရေး စသည်ဖြင့် ဘာတွေပဲလုပ်လုပ် ကိန်းဂဏန်း အချက်အလက်တွေနဲ့မကင်း နိုင်ကြဘူး။ မန်နေဂျာတစ်ယောက်အဖြစ် အောင်မြင်ချင်တယ် ဆိုရင် အဲဒီလို သက်ဆိုင်ရာသတင်းအချက်တွေကို ရယူစိစစ်တတ်ဖို့ အသုံးချတတ်ဖို့လိုတယ်။ ဒီစာအုပ်ထဲမှာ ကိန်းဂဏန်းတွေကို နားလည်သဘောပေါက်ဖို့ နည်းပေးလမ်းပြထားတယ်။ စာရေးသူနှစ်ဦးစလုံးဟာ ပါမောက္ခတွေ၊ စာရေးဆရာတွေ၊ လေ့လာဆန်းစစ်မှု ပညာရှင်တွေ ဖြစ်ကြတယ်။ တွေးတောတတ်အောင်၊ ဆုံးဖြတ်ချက်ချတတ်အောင် ဒီစာအုပ်ထဲမှာ တင်ပြထား ကြတယ်။ ရရှိသမျ စာရင်းအင်းအချက် အလက်တွေအရ ဘယ်လိုစိစစ်ဆက်စပ်တွေးဆယူမလဲ စတဲ့ တွေးခေါ် သုံးသပ်ပုံများကို တင်ပြထားပါတယ်။ စီးပွားရေးနဲ့ပတ်သက်တဲ့ ဘွဲ့လည်းမရခဲ့ဖူးဘူး၊ စာရင်းအင်းတွေနဲ့ လုပ်ရတာလည်း သိပ်အဆင်မပြေ ဘူးဆိုရင်တော့ ဒီစာအုပ်ဟာ ဖတ်သင့်တဲ့စာအုပ်ဖြစ်တယ်။ ဒါဖတ်လိုက်ရင် အဲဒါတွေ ကျွမ်းကျင်သွားမှာ ဖြစ်တယ်။