The Prince
Niccolo Machiavelli
ဒီစာအုပ်ဟာ ၁၆ ရာစုနှစ် အီတလီနိုင်ငံမှာ ပြည်တွင်းစစ်ဖြစ်နေတဲ့ကာလမှာ အီတလီခေါင်းဆောင်တွေအတွက် အကြံဉာဏ်ပေးတဲ့အနေနဲ့ သံတမန်တစ်ဦးလည်းဖြစ်၊ နိုင်ငံရေး သဘောတရားရေးဆရာလည်းဖြစ်သူက ရေးသားထားတာဖြစ်တယ်။
ကောက်နုတ်ချက် - မိမိကို လူတွေက ကြောက်နေကြတာကို ကြိုက်သလား၊ ချစ်နေကြတာကို ကြိုက်သလား။ ကြောက်တာနဲ့ချစ်တာဟာ တစ်ကြိမ်တည်းယှဉ်တွဲဖြစ်ပေါ်ဖို့ မလွယ်ဘူး။ ဒီတော့ တစ်ခုခုကိုပဲ ရွေးရမယ်ဆိုရင် လူတွေက မိမိကိုကြောက်နေတာကိုပဲ ရွေးသင့်ပါတယ်။ ဒါမှလုံခြုံစိတ်ချရမှာဖြစ်တယ်။ မကောင်းတဲ့အကြံဉာဏ် ဖြစ်ပေမယ့် မိမိကိုအပြတ်ရှင်းမယ့်ပြိုင်ဘက်တွေကို ခုခံကာကွယ်တဲ့အနေနဲ့ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဆိုတယ်။