The Pathfinder

The Pathfinder

How to Choose or Change Your Career for a Lifetime of Satisfaction and Success by Nicholas Lore

pathfinder

သင်အလုပ်သစ်တစ်ခုရှာနေတာလား။ ဒါမှမဟုတ် သင့်ရဲ့လက်ရှိအလုပ်အတွက် စိတ်အားထက်သန်မှုကို ပြန်ပြီးအသက်သွင်းချင်နေလား။ ဘာပဲဖြစ်နေပါစေ၊ ၁၉၉၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ The Pathfinder က သင့်ကို စိတ်ကျေနပ်မှု အပြည့်အဝရစေမယ့် အသက်မွေးမှုအလုပ်အကိုင်ရွေးချယ်တဲ့နေရာမှာ အကူအညီပေးပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်မှု အချက်တစ်ရာကျော်နဲ့ တွဲဖက်ဖော်ပြထားတဲ့ ဒီစာအုပ်က ဖတ်ပြီးတာနဲ့ မေ့သွားမယ့် စာအုပ်မျိုးမဟုတ်ပါဘူး။ ဒီစာအုပ်က သင့်ကိုလက်တွေ့အလုပ်လုပ်စေမှာ ဖြစ်ပါတယ်။

ဒီစာအုပ်ရဲ့ အဓိကအချက်ကိုက သင့်စိတ်ကြိုက်အသက်မွေးမှုအလုပ်ရဲ့ အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ကို ရည်ရွယ်တာ ဖြစ်ပါတယ်။

တကယ်လို့ ဒီစာအုပ်က သင်ဖတ်ပြီးသားဖြစ်နေရင်လည်း နောက်ထပ်စာအုပ်ကောင်းတစ်အုပ်ကို ညွှန်းချင်ပါတယ်။ အဲဒါကတော့ Barbara Sher နဲ့ Bar- bara Smith တို့ ပူးပေါင်းရေးသားထားတဲ့ I Could Do Anything If Only I Knew What It Was ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။