The One Thing You Need to Know
by Marcus Buckingham
Buckingham က ထူးချွန်တဲ့မန်နေဂျာဟာ သူ့လက်အောက်ငယ်သားတစ်ဦးချင်းစီရဲ့ အားသာချက်က ဘာလဲဆိုတာ သေသေချာချာသိပြီး ဒီအားသာချက်ကိုလိုက်ပြီး အလုပ်လုပ်စေတာဖြစ်ပါတယ်။ ဒီအချက်က လူတွေရဲ့အားနည်းချက်ကို တိုးတက်လာအောင်လုပ်တာထက်စာရင် အများကြီးပိုပြီးအကျိုးရှိတယ်လို့လည်း အခိုင်အမာဆိုထားပါတယ်။ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေရဖို့ လှုံ့ဆော်နိုင်မယ့်နည်းလမ်းတွေက မျှော်လင့်ထားတဲ့ရလဒ်ကို ရှင်းရှင်းလင်းလင်းသိဖို့၊ ရလဒ်အပေါ်မှာ ချီးမြှောက်အသိအမှတ်ပြုဖို့နဲ့ လူတွေကို ဒီရလဒ်အပေါ် သင့်ရဲ့အလေးပေးမှု၊ ဂရုစိုက်မှုကိုပြဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစာအုပ်က သင့်ကိုယ်သင်စီမံခန့်ခွဲတာရော၊ တခြားသူတွေကို စီမံခန့်ခွဲရာမှာပါ လွယ်ကူအောင် ပြုလုပ်ပေးမှာဖြစ်ပါတယ်။