ဆိုင်တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့်ဖုန်း . . .
The Marina Indian Restaurant ကို အမှတ် ၆၃၊ တော်ဝင်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပြီး ဖုန်း ၀၉-၉၇၀၅၅၀၀၅၅ ကို ဆက်သွယ်နိုင်ပါတယ်။ အီးမေးလ်လိပ်စာကတော့ [email protected] ဖြစ်ပြီး Facebook Page ကတော့ @Marina.Yangon ဖြစ်ပါတယ်။
ဆိုင်အကြောင်းမိတ်ဆက် . . .
The Marina အိန္ဒိယစားသောက်ဆိုင်က ကမ္ဘာတစ်ဝန်းမှာ ဆိုင်ခွဲပေါင်း ၂၆၀ ရှိပြီး မြန်မာနိုင်ငံမှာတော့ Franchise ယူထားတဲ့ စားသောက်ဆိုင်ဖြစ်ပါတယ်။ The Marina Yangon ဆိုင်ကိုတော့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Fine Dining စားသောက်ဆိုင်အမျိုးအစားဖြစ်ပြီး ပင်လယ်စာ၊ အိန္ဒိယတောင်ပိုင်းစတိုင်လ်နဲ့ အိန္ဒိယမြောက်ပိုင်းစတိုင်လ် ဟင်းပွဲတွေကို ရရှိနိုင်ပါတယ်။
ဆိုင်ဖွင့်ချိန် . . .
နံနက်စာကို မနက် ၇နာရီခွဲကနေ ၁၀ နာရီအထိ သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ နေ့လယ်စာကို နေ့လယ် ၁၁ နာရီကနေ ညနေ ၃ နာရီ၊ ညစာကို ညနေ ၆ နာရီခွဲကနေ ည ၁၀ နာရီအထိ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။
ရနိုင်တဲ့ Menu တွေက . . .
မနက်စာမှာဆိုရင် Dosa ၊ Idly ၊ Poori ၊ Parotta ၊ Uthappam နဲ့ Dimsum တို့ ရနိုင်ပါတယ်။ နေ့လယ်စာနဲ့ ညစာတွေအတွက်ဆိုရင် Tandoori ၊ Tikka နဲ့ Kebab အစရှိတဲ့ ဟင်းပွဲမျိုးစုံကို ရနိုင်ပါတယ်။ Seafood ဆိုရင်လည်း Seafood Display ထားရှိပြီး ကိုယ်နှစ်သက်တာကို ရွေးချယ်ပြီး ချက်ခိုင်းလို့ရပါတယ်။ အိန္ဒိယအစားအစာအပြင် Pan Asian Cuisine Menu လည်း ရှိပါသေးတယ်။ အဲဒီမှာ Tom Yam Soap ၊ Sweet Corn Soup တို့လို Soup တွေ ၊ Prawn Satay ၊ Chaing Mai Fish နဲ့ Crispy Mutoon စတဲ့ Starters တွေနဲ့ ထမင်းကြော်၊ ခေါက်ဆွဲကြော်အမျိုးမျိုး ရနိုင်ပါတယ်။ Desserts Menu လည်း ရှိပါတယ်။
Drinks ပိုင်းမှာဆိုရင်တော့ Fresh Juices ၊ Smoothies နဲ့ Mocktails တို့လည်းရနိုင်သလို ဝိုင်အမျိုးမျိုး၊ ဘီယာ၊ ဝီစကီ၊ Vodka နဲ့ Rum တို့လည်း ရနိုင်ပါတယ်။
ဈေးနှုန်းပိုင်း . . .
ဈေးနှုန်းတွေက Starters မှာဆိုရင် ခြောက်ထောင်ကျပ်က နေ ၁၈,၀၀၀ ကျပ်အတွင်းမှာ ရှိပါတယ်။ Curries မှာဆိုရင် တစ်သောင်းကျပ်ကနေ ၁၃,၀၀၀ ကျပ် အတွင်းရှိပါတယ်။ Desserts ကတော့ လေးထောင်ကျပ်ဝန်းကျင် ဖြစ်ပါတယ်။ နံနက်စာအတွက်ကတော့ Breakfast Combo ရှိပြီး ငါးထောင်ကျပ် ဖြစ်ပါတယ်။
Chef တွေနဲ့ ဝန်ထမ်းအင်အား . . .
အိန္ဒိယလူမျိုး ကျွမ်းကျင်စာဖိုးမှူး ခြောက်ယောက်ရှိပြီး မြန်မာစာဖိုးမှူးကတော့ လေးယောက်ရှိပါတယ်။ စုစုပေါင်းဝန်ထမ်း ခုနစ်ဆယ်ဝန်းကျင်ခန့် ရှိပါတယ်။
ဆိုင်ရဲ့ Decoration ပိုင်းနဲ့ Private Room Service . . .
ဆိုင်ကို အိန္ဒိယစတိုင်လ်တော့ Decorate မလုပ်ထားပါဘူး။ Fine Dining ကို ရည်ရွယ်တဲ့အတွက် ခမ်းနားသေသပ်တဲ့အပြင်အဆင် ဖန်တီးထားပါတယ်။
Private Room အတွက် အခန်းလေးခန်း ပြင်ဆင်ထားပါတယ်။ လူဆယ်ယောက်ကနေ လူငါးဆယ်အထိ ဆန့်တဲ့အခန်းတွေ ရှိပါတယ်။ ပါတီပွဲတွေအတွက်လည်း Decoration တွေ ပြုလုပ်ပေးပါတယ်။
တခြားဝန်ဆောင်မှုပိုင်း . . .
Lunch Box Service ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စတင်ခဲ့ပါတယ်။ ဈေးနှုန်းကတော့ ၆,၅၀၀ ကျပ်နဲ့ ရှစ်ထောင်ကျပ် ဖြစ်ပါတယ်။ Lunch Box ငါးပွဲနဲ့အထက် မှာမယ်ဆိုရင် Delivery Charges မယူပါဘူး။ Catering Service လည်း ပေးနေပါပြီ။
ဆိုင်က ကားရပ်နိုင်မယ့် နေရာကျယ်ကျယ်ဝန်းဝန်း ပါရှိပါတယ်။ Outdoor Café လည်း ရှိပါတယ်။
အနာဂတ်အစီအစဉ် . . .
ဆိုင်တွေထပ်ပြီး တိုးချဲ့သွားဖို့ ရှိပါတယ်။