
ဆိုင်တည်နေရာ
အမှတ် - ၄၄/၅၆၊ ကမ်းနားလမ်း၊M.M.G တာဝါ၊ မြေညီထပ်၊ ၄၁ လမ်းနဲ့၄၂ လမ်းကြား၊ ဗိုလ်တထောင် မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး ဆက်သွယ်ရမယ့်ဖုန်းနံပါတ် ကတော့ ၀၁- ၃၇၅၀၆၄ ဖြစ်ပါတယ်။ဆိုင်စဖွင့်တဲ့နေ့နဲ့ ဆိုင်ဖွင့်ချိန်
ဆိုင်ကို ၂၀၁၄ ခုနှစ်၊ ဧပြီလ ၅ ရက်က စတင်ဖွင့် လှစ်ခဲ့တာဖြစ်ပါတယ်။ နေ့စဉ် မနက် ၁၀ နာရီကနေ ည ၁၁ နာရီထိ ဖွင့်လှစ်ထားပါတယ်။ Last Order တွေကို တော့ ည ၁၀ နာရီခွဲထိ ထားရှိပြီး ဧည့်သည်တွေ ကိုတော့ ည ၁၁ နာရီခွဲအထိ လက်ခံထားရှိပါတယ်။
ဆိုင်ဖွင့်ရတဲ့ရည်ရွယ်ချက်နဲ့ ဆိုင်နာမည်ပေးဖြစ်ပုံ
မြန်မာနိုင်ငံမှာက အနောက်တိုင်း ပင်လယ်စာပုံစံမျိုးၤFocus ထားတာ တော်တော်ရှားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက စားသုံးသူတွေအတွက် သန့်ရှင်းသပ်ရပ်ပြီး အရသာရှိတဲ့ အနောက်တိုင်း ပင်လယ်စာအရသာကို စားသုံးစေချင်လို့ပါ။ မလေးရှားနိုင်ငံနဲ့ စင်ကာပူနိုင်ငံမှာရှိတဲ့ Franchise Brand တစ်ခုဖြစ်တယ်လို့လည်းဆိုပါတယ်။ အမေရိကန်နိုင်ငံက နာမည်ကြီးFulton Fish Market ကနေ Inspiration ယူထားတာဖြစ် တယ်လThe Manhattan Fish Market ရဲ့Managing Director ကိုမျိုး ဝင်းဇော်က ပြောပြခဲ့ပါတယ် ။ထူးခြားချက်
အဓိကကတော့ မြန်မာနိုင်ငံမှာ Seafood ကြိုက်တဲ့ Customer တွေကို အရသာကောင်းကောင်း သန့်ရှင်းသပ်ရပ်တဲ့ အစားအ သောက်ကို ဈေးသက်သက်သာသာနဲ့ စားနိုင်အောင် စီစဉ်ပေးထား ပါတယ်။ ဆိုင်မှာက Family Type ပုံစံနဲ့ လွတ်လွတ်လပ်လပ် စားသောက်နိုင်အောင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ ပင်လယ် စာကို အနောက်တိုင်းနည်းပညာနဲ့ချက်တာ ဖြစ်ပါတယ်။ ချက် နည်း ငါးမျိုးသုံးပါတယ်။ ကြော်တာ၊ ပြုတ်တာ၊ ဖုတ်တာ၊ ကင်တာ နဲ့ ဆိုင်ရဲ့ Signature ဖြစ်တဲ့ Flaming လုပ်တာပါ။ Flaming ဆိုတာက အစားအသောက်ကို ဆော့စ်ဖြန်းပြီး ဧည့်သည်ရှေ့မှာပဲ မီးမြှိုက်ပြတာ ဖြစ်တယ်လို့ဆိုပါတယ်။

ရရှိနိုင်တဲ့ Menu
Starter၊ Pastas၊ Bakeed၊ Fried အမျိုးမျိုး၊ Grilled၊ Flame၊ Triple Treats၊ Platters၊ Desserts နဲ့ Beverages အမျိုးမျိုးစတာတွေကို ရရှိနိုင်ပါတယ်။ Seafood Restaurant ဖြစ် တာကြောင့် Seafood အစားအစာတွေ အဓိ ကရရှိနိုင်ပါတယ်။ Seafood နဲ့ အဆင်မပြေတဲ့၊ မကြိုက်တဲ့ ဧည့်သည်တွေအတွက် Chicken Dishes တွေကိုလည်း စားသောက်နိုင်အောင် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။လူကြိုက်များတဲ့အစားအစာ
Garlic Herb Mussels ၊ Sexy Hot Whole Fish ၊ Mediterrean Baked Fish ၊ Manhattan Fish Chips Dory ၊ Grilled Glory Dory ၊ Small Flame ၊ Small Grill ၊ Spaghetti in the Sea၊ Grilled Cool Fish၊ Marhanttan Flaming Seafood Platter ၊ Citrus Mirt ၊ Marhattan Mudpie နဲ့ Sizzling Brownie with Ice Ceam တို့ပဲ ဖြစ်ပါတယ်။

ဝန်ဆောင်မှုပိုင်း
ကျွန်တော်တို့ဆိုင်က ှSelf Service လုပ်စရာမလိုပါဘူး။ Waiter တွေကFull Service ပေးမှာဖြစ်ပါတယ်။ Customer တွေရောက်လာပြီဆိုတာနဲ့ Waiter က စားပွဲလိုက် ပြပေးပါမယ်။ Customer က ခုံမှာထိုင်ပြီး Order လုပ်ရုံ ပါပဲ။ Bill ရှင်းလည်း Table မှာ ရှင်းရုံပါပဲ။ သီးသန့်ခန်း တွေမှာဆိုလည်း Table ပေါ်မှာ Bell ထားရှိပေးတာကြောင့် Service လိုချင်ရင် Bell နှိပ်လိုက်တာနဲ့ Service ချက်ချင်း ရောက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။အဓိကလာရောက်ကြတဲ့ဧည့်သည်တွေ
Lunch မှာဆိုရင် နိုင်ငံခြားသားဧည့်သည်တွေ ၄၀ ရာခိုင် နှုန်းလောက် ရှိပါတယ်။ Local တွေကတော့ ၆၀ ရာခိုင် နှုန်းလောက်ရှိတယ်။ Dinner မှာဆိုရင် နိုင်ငံခြားသား ဧည့်သည်တွေက ၂၀ ရာခိုင်နှုန်း ရှိပါတယ်။ အဓိကက တော့ Seafood ကြိုက်တဲ့ Customer တွေ လာတာများ ပါတယ်။ Party တွေလည်း လာလုပ်ကြပါတယ်။ သီးသန့် ခန်းတွေလည်း ထားရှိတယ်လို့ ဆိုပါတယ်။

စားသောက်ဆိုင်ရဲ့အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ Hygiene ပိုင်းနဲ့ ပတ်သက်ပြီး
Customer တွေကိုလည်း သန့်ရှင်းလတ်ဆတ်တဲ့အစားအ စာတွေကို စားစေချင်တာကြောင့် Hygiene ပိုင်းကို တော် တော်လေးဂရုစိုက်ပါတယ်။ Franchise Brand တစ်ခုလည်း ဖြစ်တော့ သူတို့က Hygiene ကို တအား Push လုပ်ပြီးFood Safety ကိုလည်း သေသေချာချာဂရုစိုက်ပါတယ်။ တစ် ရက်ကို ပုံမှန်နှစ်ခါ Floor တစ်ခုလုံးကို Kitchenကော Restaurant ပါ သန့်ရှင်းရေးလုပ်ပါတယ်။ အိမ်မှာသုံးတဲ့ ဆေး ရည်မဟုတ်ဘဲ Industy တွေမှာ သုံးတဲ့ဆပ်ပြာတွေနဲ့ Floor တစ်ခုလုံးဆေးပြီး သန့်ရှင်းရေးလုပ်ပါတယ်။ Seafood ဖြစ် တဲ့အတွက်လည်းအထူးဂရုစိုက်ထားတယ်လို့ ဆိုပါတယ်။အနာဂတ်အစီအစဉ်
ဆိုင်ခွဲတွေ ဖွင့်သွားဖို့နဲ့Menu Item အသစ်တွေကို တိုးချဲ့သွားဖို့ရှိတယ်လို့ သိရပါတယ်။

