Graham ကို ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ဖခင်ကြီးအဖြစ် သိကြပါတယ်။ ဘီလီယံနာတစ်ယောက်ဖြစ်တဲ့ Warren Buffett က သူရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါ Graham ရဲ့ စာအုပ်ထဲက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တွေးခေါ်မှုတွေရဲ့ အခြေခံအချက်အလက်တွေက ကိုးကားတယ်လို့ဆိုပါတယ်။ သူဟာ Graham ရဲ့ စာအုပ်တွေကို သူ့အသက် ၁၉ နှစ်အရွယ်ကတည်းက စဖတ်ခဲ့ပါတယ်။
ဘဝမှာ အောင်မြင်စွာ ရင်းနှီးမြှုပ်နှံဖို့ဆိုရင် IQ တွေ၊ စီးပွားရေးထိုးထွင်းဉာဏ်ရှိတဲ့ နည်းစနစ်ဘောင် (Intellectual Framework) အတွင်းက ဆုံးဖြတ်ချက်ချနိုင်ရမယ်။ ဒီနည်းစနစ်ဘောင်ကနေ သွေဖည်မသွားအောင် စိတ်ခံစားချက်ကို ထိန်းသိမ်းနိုင်တဲ့စွမ်းရည်ရှိရမယ်။ ဒီစာအုပ်ဟာဆိုရင် သင့်တော်မှန်ကန်တဲ့ နည်းစနစ်ဘောင်တွေ ချမှတ်နိုင်ဖို့ ရှင်းရှင်းလင်းလင်း တိတိကျကျဖော်ပြထားပါတယ်။