News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
The Hotel @ Tharabar Gate ၏ ပညာရေးထောက်ပံ့မှုနှင့် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) တို့၏ ပူးပေါင်းအလှူဒါန
Editorial
November 19, 2013
Local News
News
The Hotel @ Tharabar Gate က ဦးဆောင်ပြီး ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်နေ့အတွင်း ပုဂံညောင်ဦး၊ စလေဒေသရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ချို့တဲ့တဲ့စာသင်ကျောင်းတွေကို စာရေးကိရိယာတွေ သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ စလေမြို့၊ သာသနာ့ရောင်ခြည် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းက ဆရာမငါးဦး၊ ဘုန်းကြီးနှစ်ပါးနဲ့ ကျောင်းသူ ကျောင်းသား ၈၃ ဦး၊ ဇေတဝန်အထက်တန်းကျောင်းက ဘုန်းကြီးနှစ်ပါး၊ ဆရာ၊ ဆရာမ ရှစ်ဦးနဲ့ ကျောင်းသူကျောင်းသား ၅၁၂ ဦး၊ တောင်ဘီကျေးရွာ အထက်တန်းကျောင်းက ဆရာ၊ ဆရာမသုံးဦးနဲ့ ကျောင်းသူကျောင်းသား ၃၅၆ ဦး၊ ဇီးစမြင်မူလ တန်းကျောင်းက ဆရာ၊ ဆရာမရှစ်ဦးနဲ့ ကျောင်းသူကျောင်းသား ၁၉၆ ဦး၊ ယာတောကြီးရွာ မူလတန်းကျောင်းက ဆရာ၊ ဆရာမ ငါးဦးနဲ့ ကျောင်းသူကျောင်းသား ၈၃ ဦးတို့ ကို စာရေးကိရိယာတွေနဲ့ ဆရာ၊ ဆရာမတွေအတွက် ငွေကျပ်နှစ်သောင်းစီ လှူဒါန်းခဲ့ပြီး ပုဂံမြို့သစ်က နဂါးကျစ်ဘိုးဘွားရိပ်သာမှာ အာဟာရငွေပဒေသာပင်နဲ့ ဆေးဝါး ကုန်ကျစရိတ် ငွေပဒေသာပင်တို့ကို လှူဒါန်းခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) က ဦးစီးပြီး ပုဂံညောင်ဦး ဒေသမှာ ရေဘေးကြုံတွေ့နေရတဲ့ ရေဘေးသင့် မိသားစုတွေကို လည်း ထမင်းဟင်းတွေ ဝေပေးတာတွေကို ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ လှူဒါန်းမှုတွေမှာ ညောင်ဦးခရိုင် ဥက္ကဋ္ဌဦးထွန်းထွန်းဦးနဲ့ ဇနီး၊ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းနဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း (ပုဂံဇုန်) အတွင်းရေးမှူး ဦးဇော်ဝိတ်၊ မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ ဦးတင့်ဆွေ၊ ဒုဥက္ကဋ္ဌ ဦးဇော်၊ အတွင်းရေးမှူး ဦးခင်မောင်ထွေး တို့နဲ့ The Hotel @ Tharabar Gate က ဝန်ထမ်းတွေ၊ မော်ဒယ်ဂုဏ်ရည်အေးကျော်နဲ့ ဟန်သီစိုးတို့လည်း တစ်တပ်တစ်အားပါဝင်ကူညီလှူဒါန်းခဲ့ကြပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း