The Hitchhiker's Guide to the Galaxy
by Douglas Adams
ဒီစာအုပ်ဟာဆိုရင် သိပ္ပံစိတ်ကူးယဉ်စာအုပ်ဖြစ်ပြီး ဘီလီယံနာစွန့်ဦး တီထွင်သူတစ်ဦးဖြစ်တဲ့ Elon Musk ရဲ့ ငယ်စဉ်ဘဝက ခံစားရတဲ့ သူ့ဖြစ်တည်မှုနဲ့ပတ်သက်တဲ့ စိတ်ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ ကူညီပေးခဲ့ပါတယ်။
စာအုပ်ထဲမှာဆိုရင် စူပါကွန်ပျူတာတစ်လုံးဟာ အဓိပ္ပာယ်ရှိတဲ့ ဘဝဆိုတာရဲ့အဖြေကို မူလမေးခွန်းတွေက သိပ်မရှင်းလင်းမတိကျပေမယ့် ဂဏန်း ၄၂ တစ်ခုတည်းနဲ့ ဆုံးဖြတ်ပါတယ်။
''တစ်ခါတစ်ရံ ဘဝမှာ အဖြေထက် မေးခွန်းက ပိုပြီးခက်ခဲတယ်ဆိုတာ သိသာထင်ရှားတဲ့အချက်ဆိုတာကို ဒီစာအုပ်က မီးမောင်းထိုးပြနေတယ်” လို့ Musk က အင်တာဗျူးတစ်ခုမှာ ဆိုပါတယ်။ ''မင်းဟာ မေးခွန်းတစ်ခုကို မှန်မှန်ထုတ်နိုင်မယ်ဆိုရင် အဖြေဆိုတာ လွယ်ကူတဲ့အပိုင်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒီစကြဝဠာကြီးတစ်ခုလုံးမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ ပိုပြီးတော့သိလေလေ၊ ဘယ်လိုမေးခွန်းမျိုး မေးရမယ်ဆိုတာ ပိုပြီးတော့သိလေလေဖြစ်မှာပါ'' လို့ ဆိုပါတယ်။