အနောက်တိုင်းနဲ့ အာရှစတိုင်လ်ကို ပေါင်းစပ်ထားတဲ့ နေ့လည်စာ၊ ညစာသုံးဆောင်နိုင်မယ့် ၊ အချက်အချာကျတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ The Brunch Society Restaurant အကြောင်း ဖော်ပြလိုက်ပါတယ်။
ဆိုင်တည်နေရာနဲ့ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ . . .
၁၄၃၊ ၁၄၉၊ ဆူးလေဘုရားလမ်းပေါ်က Sule Plaza အောက်ဆုံးထပ်မှာ ဖွင့်လှစ်ထားပြီး ဖုန်းနံပါတ်ကတော့ ၀၉ - ၉၆၀၃၅၉၇၀၁ ဖြစ်ပါတယ်။ အီးမေးလ်လိပ်စာကတော့ [email protected] ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန် . . .
ဆိုင်ဖွင့်ချိန်က မနက် ၁၀ နာရီကနေ ည ၁၁ နာရီ အထိ ဖြစ်ပြီး ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။
ဆိုင်ဖွင့်ရတဲ့ ရည်ရွယ်ချက် . . .
မနက်စာနဲ့ နေ့လယ်စာပေါင်းစပ်ထားတဲ့ အစားအစာမျိုးတွေနဲ့ အစားအသောက် ကောင်းကောင်းကြိုက်တဲ့သူတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
[caption id="attachment_25777" align="alignnone" width="576"]Burmese Fried Rice[/caption]
[caption id="attachment_25779" align="alignnone" width="576"]Garlic Prawn[/caption]
ရနိုင်တဲ့ Menu တွေနဲ့ လူကြိုက်များတဲ့ Menu တွေ . . .
အနောက်တိုင်းစာနဲ့ မြန်မာစတိုင်လ် အစားအစာတွေကို ရနိုင်ပါတယ်။ Set Lunch and Dinner Menu တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။ အနောက်တိုင်းစာထဲမှာဆိုရင် Crunchy French Toast ကို ရွေးချယ်နိုင်ပြီး မြန်မာစာထဲမှာတော့ Burmese Fried Rice က လူကြိုက်များပါတယ်။ နောက်ပြီး Garlic Prawn ကိုလည်း လူကြိုက်များပါတယ်။ Weekend's Special အဖြစ် Special Menu တွေလည်း ရရှိနိုင်ပါတယ်။
[caption id="attachment_25776" align="alignnone" width="576"]Crunchy French Toast[/caption]
Cocktail မျိုးစုံ၊ Beer နဲ့ Wine မျိုးစုံကိုလည်း သုံးဆောင်နိုင်ပါတယ်။
ဈေးနှုန်းအပိုင်း . . .
ဈေးနှုန်းပိုင်းကိုတော့ လူတန်းစားမရွေး စားသုံးနိုင်အောင်ရည်ရွယ်ပြီး အနိမ့်ဆုံး ၂,၅၀၀ ကျပ်ကနေ ကျပ် နှစ်သောင်းကျော်အထိ ရှိပါတယ်။
Promotion အစီအစဉ် . . .
နေ့စဉ် ညနေ ၅ နာရီကနေ ည ၈ နာရီအထိ Cocktail တစ်မျိုးတည်းကို ငါးဆယ်ရာခိုင်နှုန်း လျော့ပေးနေပါတယ်။
ဧည့်ခံပွဲတွေအတွက် ဝန်ဆောင်မှုများ . . .
မွေးနေ့ပွဲ၊ ပါတီပွဲ၊ ဧည့်ခံပွဲအမျိုးမျိုးတို့အတွက် လှပဆန်းသစ်တဲ့ Decoration နဲ့အတူ စိတ်တိုင်းကျဖြစ်အောင် ဝန်ဆောင်မှုပေးပါတယ်။
Hygiene ပိုင်း၊ ဝန်ဆောင်မှုပိုင်းနဲ့ အရသာဂရုစိုက်ပုံ . . .
အစားအသောက်ဖြစ်တဲ့အတွက် Hygiene ပိုင်းက အဓိကအကျဆုံးဖြစ်တာကြောင့် ဦးစားပေးဂရုစိုက်ပါတယ်။ ဒုတိယအချက်အနေနဲ့ ဝန်ဆောင်မှုပိုင်းကို အလေးထားပြီး နောက်ဆုံးအချက်အနေနဲ့ အရသာကို သတ်မှတ်ထားတဲ့ အရသာအတိုင်းဖြစ်အောင် အမြဲဂရုစိုက်တယ်လို့ သိရပါတယ်။
အနာဂတ်အစီအစဉ် . . .
နောက်ပိုင်းမှာ Menu အသစ်တွေ ထပ်တိုးသွားဖို့ လုပ်နေပါတယ်။ ဆိုင်ခွဲဖွင့်ဖို့တော့ လတ်တလောမှာ အစီအစဉ်မရှိသေးပါဘူး။
ယွန်းမီမီထွန်း