The Basement

မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ စိတ်အပန်းဖြေနိုင်ဖို့ Down Town မှာရှိတဲ့ The Basement ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

thebasement1

တည်နေရာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ် . . .

အမှတ် ၇၈၅၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့မှာတည်ရှိပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၁-၂၂၉၁၇၃ ဖြစ်ပါတယ်။

ဆိုင်ဖွင့်ချိန် . . .

မနက် ၁၀ နာရီ ကနေ ည ၁၁ အထိဖွင့်ပါတယ်။

စတင်ဖွင့်လှစ်တဲ့ ခုနှစ်နဲ့ရည်ရွယ်ချက် . . .

၂၀၁၆ ခုနှစ်၊ မတ်လ ၂၇ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်လှစ်တဲ့ရည်ရွယ်ချက်ကတော့ မြို့ထဲမှာဆိုရင် ဆိုင်တွေက နေရာအကျယ်အဝန်းသိပ်မရှိဘူး။ Basement အနေအထားလည်း သိပ်မရှိဘူးဆိုတော့ ဒီလိုနေရာလေးမှာ အေးအေးဆေးဆေးနဲ့ ရာသီဥတုသုံးမျိုးလုံး Relax လုပ်လို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာပါ။

thebasement2

ရရှိနိုင်တဲ့ Menu တွေက . . .

Menu တွေက သိပ်အများကြီးတော့မရှိဘူး။ Finger Food ၊ Pasta ၊ Steak ၊ Satay (Teriyaki or Bulgogi Sauce) ၊ Snack & Noddle ၊ Coffe & Tea ၊ Beer ၊ Wine နဲ့ Cocktail ၊ Pork Chop တွေရနိုင်ပါတယ်။ Steak ဆိုရင်လည်း Local နဲ့ Australia ဆိုပြီးတော့ နှစ်မျိုးရနိုင်ပါတယ်။

thebasement3

ဈေးနှုန်းအပိုင်း . . .

ဈေးနှုန်းတွေက သောက်စရာတွေက အနည်းဆုံး နှစ်ထောင်ကျပ်ကနေ အများဆုံးရှစ်ထောင်ကျပ်အထိ ရှိပါတယ်။ တခြားအစားအစာတွေကတော့ လေးငါးထောင်ကျပ်နဲ့အထက် ရှိပါတယ်။

ဝန်ဆောင်မှုအပိုင်း . . .

Birthday Party တွေလုပ်ချင်ရင် Charges မယူပါဘူး။ Customer တွေလိုအပ်ရင် Decoration တွေ မွေးနေ့ရှင်ကြိုက်တဲ့ Music တွေကို Free of Charge လုပ်ပေးတယ်။ ဒီလိုပွဲတွေ လုပ်ချင်ရင် တစ်ပတ်လောက် ကြိုချိတ်ရင် ပိုအဆင်ပြေပါတယ်။

thebasement4

အနာဂတ်အစီအစဉ် . . .

ဆိုင်ကိုအောင်မြင်အောင် လုပ်ချင်ပါတယ်။ အဓိကကတော့ Basement ပုံစံတခြားဒီဇိုင်းနဲ့ ဆိုင်ခွဲတွေ ထပ်ဖွင့်ချင်ပါတယ်။