ထိုင်းမှာ စီးကရက်ဆေးလိပ် အကောက်ခွန်က အများဆုံး

int3

ထိုင်းနိုင်ငံမှာ အသစ်ပြဋ္ဌာန်းလိုက်တဲ့ အကောက်ခွန်ဥပဒေအရ စီးကရက်ဆေးလိပ်အပေါ် ကောက်ခံတဲ့ အခွန်နှုန်းက အများဆုံးဖြစ်ပါတယ်။ ပြည်ပကတင်သွင်းတဲ့ ဝိုင်အရက်က ဒုတိယလိုက်တယ်။ အခွန်နှုန်းထားတွေကတော့ ၂၀ ရာခိုင်နှုန်းနဲ့ ၄၀ ရာခိုင်နှုန်းဖြစ်တယ်။

အသစ်ပြဋ္ဌာန်းလိုက်တဲ့ အခွန်ဥပဒေအရ တိုင်းပြည်အတွက် ကောက်ခံရငွေဟာ ၂ ရာခိုင်နှုန်းထပ် တိုးလာမှာဖြစ်တယ်။ တစ်နည်းအားဖြင့် ဘတ်ငွေ ၁၂ ဘီလီယံထပ်တိုးလာမယ်။ ဒီဥပဒေအသစ်ဟာ ပြည်သူတွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုလိမ့်မယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆိုတယ်။ အကောက်ခွန်အရာရှိတွေ မိမိတို့စိတ်ထဲမှာရှိသလို အမျိုးမျိုးကောက်ခံနေတဲ့ အကျင့်ကိုလည်း လျော့နည်းသွားစေနိုင်ရုံသာမက လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက်မှုတွေလည်း နည်းပါးသွားစေနိုင်တယ်လို့ ဆိုတယ်။

အစိုးရဟာ ရရှိတဲ့ အခွန်ငွေတွေထဲမှ ၂ ရာခိုင်နှုန်းကို သက်ကြီးသက်ရွယ်အိုတွေအတွက် နောင်အခါ ထူထောင်သွားမယ်။ ရန်ပုံငွေထဲ ထည့်သွင်းသွားမှာ ဖြစ်တယ်။

Ref: Internet