Thailand Week 2015

Seminar 3

ကုန်သွယ်ရင်းနှီးမြှုပ်နှံမှုအတွက်ခြေလှမ်းတစ်ခုအနေဖြင့် Thailand Week 2015 ကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ၊ ၁၅ ရက်ကနေ ၁၈ ရက်အထိ ရန်ကုန်မြို့ Myanmar Event Park (MEP) တွင် ကျင်းပခဲ့ပါတယ်။ ပွဲကို မြန်မာနဲ့ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စီးပွားရေးအခွင့်အလမ်းတွေ ပိုမို ရရှိအောင်နဲ့ ရေရှည်တည်တံ့စေဖို့ ရည်ရွယ်ပြီး ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP) မှ ဦးစီးကျင်းပခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲကို အစားအစာနဲ့ အဖျော်ယမကာတွေ၊ အထည်အလိပ်ထုတ်ကုန်တွေ၊ ကျန်းမာရေးနဲ့အလှအပထုတ်ကုန်တွေ၊ ဖက်ရှင်ထုတ်ကုန်တွေ၊ အိမ်တွင်းအလှပြင်ပစ္စည်းတွေ၊ မော် တော်ယာဉ်အပိုပစ္စည်းတွေ၊  မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ ဟိုတယ်၊ ဆောက်လုပ်ရေး၊ ပညာရေး၊ Spa ၊ ကိုယ်စားလှယ်စက်မှုလုပ်ငန်းတွေ အစရှိတဲ့ထိုင်းနိုင်ငံထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုအခန်းကဏ္ဍတွေကို ထိုင်းကုမ္ပဏီ ပေါင်း ၈၀ ကျော်တို့က ပြခန်းပေါင်း ၂၄၃ ခန်းဖြင့်  ခင်းကျင်းပြသခဲ့ပြီး ထိုင်းရိုးရာအစာချက်ပြုတ်နည်းနဲ့ထိုင်းအနှိပ်ပညာအားသရုပ်ပြခြင်း၊ ထိုင်းရိုးရာဖျော်ဖြေမှုတွေကိုလည်း တင်ဆက်ပြသခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အကျိုးရှိစေမယ့် One on One ဆွေးနွေးပွဲတွေကိုလည်း ကျင်းပခဲ့ပြီး   ထိုင်း-မြန်မာ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေနဲ့ စပ်လျဉ်းပြီး စီးပွားရေး ပညာပေး Seminar တွေကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။   Seminar 2