Thailand Shopping Paradise ပရိုမိုးရှင်းပွဲကျင်းပ

thai1 AirAsia နဲ့ ပူးပေါင်းပြီး ပြုလုပ်ခဲ့တဲ့ Thailand Shopping Paradise အစီအစဉ်ကို ၂၀၁၅ ခုနှစ် ဇွန်လ ၁၃ ရက်နဲ့ ၁၄ ရက်က ရန်ကုန်မြို့ ၊ ပြည်လမ်းမှာရှိတဲ့ Junction Square မှာ ကျင်းပခဲ့ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ အရောင်းဆိုင်များနဲ့ ကုန်တိုက်များဖြစ်ကြတဲ့ Asiastique ၊ CPN Group ၊ King Power ၊ Siam Paragon ၊ Dirana Spa နဲ့ CIMB တို့မှာ မြန်မာခရီးသွားများ အထူးသက်သာတဲ့ ဈေးနှုန်းများနဲ့ ဝယ်ယူနိုင်ပြီး ဘန်ကောက်လေယာဉ်လက်မှတ်ကို ရန်ကုန်နဲ့ မန္တလေးကနေ သက်သာတဲ့နှုန်းထားဖြစ်တဲ့ ကန် ၇၇ ဒေါ်လာမှစပြီး ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ thai3 ထိုင်းအဲအေးရှားရဲ့ အင်ဒိုချိုင်းနားဈေးကွက်မန်နေဂျာ Ms.Pornpun Ratanapitakkul က “ဘန်ကောက်ကို သက်သာတဲ့နှုန်းထားနဲ့ ခရီးသွားနိုင်ပြီး အဲအေးရှားနဲ့ ပူးပေါင်းထားတဲ့ ကုန်တိုက်များမှာ သက်သာတဲ့နှုန်းထားများနဲ့ ဈေးဝယ်နိုင်တဲ့အတွက် ခရီးသွားပြည်သူများကို ကုန်ကျစရိတ် ပိုမိုသက်သာစေမှာပါလို့” ပြောခဲ့ပါတယ်။ Air Asia ရဲ့ ပရိုမိုးရှင်းအသစ်ကို http://www.facebook.com/AirAsiaMyanmar မှာလည်း ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါတယ်။ thai4 thai2