Thailand Privilege Card Co Ltd က ဦးဆောင်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ အကျိုးတူပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာ့ထိပ်တန်းလုပ်ငန်းရှင် ၁၅၀ ဦးကို ထိုင်းနိုင်ငံအစိုးရရဲ့ ဧည့်သည်တော် အဖြစ် ကြိုဆိုဂုဏ်ပြုတဲ့ Thailand Elite Private Invitation အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က ရန်ကုန်မြို့ရှိ Traders Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ အဖွင့်နှုတ်ဆက်စကားကို ထိုင်းခရီးသွားလာရေးဝန်ကြီးဌာနမှ Mrs Vilaiwan Twichasri နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr Pisanu Suvanajata တို့က ပြောကြားခဲ့ပြီး Thail- and Privilege Card Co Ltd ရဲ့ ဥက္ကဋ္ဌက Thailand Elite Card နဲ့ ပတ်သက်ပြီးပြောကြားခဲ့ပါတယ်။ အဖွဲ့ဝင်ကြေးအနေနဲ့ ဘတ်နှစ်သန်းပေးဆောင်ရမှာဖြစ်ပြီး အဖွဲ့ဝင်သက်တမ်းကာလ နှစ်နှစ်အတွင်း အကြိမ်ကြိမ် ပြန်လည်ဝင်ရောက်နိုင်တဲ့ စီးပွားရေးဆိုင်ရာပြည်ဝင်ခွင့်လက်မှတ်၊ လာရောက်တဲ့အကြိမ်တိုင်း တစ်နှစ်ကြာနေထိုင်ခွင့်၊ အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဂိတ်တွေမှာ အမြန် လမ်းကြောင်းမှ ဖြတ်သန်းနိုင်ခွင့်၊ ထိုင်းနိုင်ငံအများပြည်သူပိုင်ကဏ္ဍနဲ့ ပုဂ္ဂလိကဌာနတွေက အဆက်အသွယ်တွေအပြင် ကြယ်ငါးပွင့်အဆင့် ဂေါက်ကွင်းနဲ့ ရေပူစမ်းများ စတဲ့ အပန်းဖြေဝန်ဆောင်မှုမျိုးစုံတို့ ပါဝင်တဲ့ အထူးအခွင့်အရေးမျိုးရရှိမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။