ထိုင်းမှာ Digital Asset ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများထုတ်ပြန်

digitalasset

ထိုင်းနိုင်ငံမှာ သမားရိုးကျငွေကြေးများအစား အွန်လိုင်းမှတစ်ဆင့် ငွေကြေးအဖြစ် သုံးစွဲနိုင်တဲ့ အရောင်းအဝယ်ကိစ္စကို ထိန်းချုပ်ဖို့အတွက် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်လိုက်ပါတယ်။

ဒီစည်းမျဉ်းစည်းကမ်းများအရ ဒစ်ဂျစ်တယ်နည်းဖြင့် ထည့်သွင်းထားတဲ့ ပိုင်ဆိုင်မှုများ (Digital Asset) နဲ့ Cryptocurrency လို့ခေါ်တဲ့ ငွေများကို ရောင်းဝယ်ရာမှာ Securities and Exchange Commission (SEC) က မသမာမှုများမရှိရေးအတွက် ကြီးကြပ်ကွပ်ကဲသွားမှာဖြစ်တယ်။ Cryptocurrencies ဆိုတဲ့ ငွေများကို တရားမဝင်ရောင်းဝယ်ပါက ငွေဒဏ်အပြင်၊ ထောင်ဒဏ်လည်း ကျခံရမှာဖြစ်ပါတယ်။