News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Thai Good, Thai Quality 2014 ဈေးရောင်းပွဲတော်
Editorial
August 18, 2014
Local News
News
ထိုင်းနိုင်ငံရှိ Ministry of Commerce’s Department of International Trade Promotion (DITP) နှင့် စိန်ဂေဟာ ကုမ္ပဏီတို့ ပူးပေါင်းပြုလုပ်တဲ့ Thai Good, Thai Quality 2014 ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၅ ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ စိန်ဂေဟာစူပါစင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါဖွင့်ပွဲအခမ်းအနားကို (DITP) ရဲ့ Counsellor (Commercial) Mr Boon Intiratana Minister နဲ့အတူ စိန်ဂေဟာရဲ့ Managing Director ဦးအောင်ဝင်း၊ Director ဦးမောင်ဝင်းနဲ့ တာဝန်ရှိသူတွေက ဖဲကြိုးဖြတ်ကာ ဈေးရောင်းပွဲတော်ကို ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီဈေးရောင်းပွဲတော်ကို စိန်ဂေဟာ(ပြည်လမ်း)၊ စိန်ဂေဟာ(လှည်းတန်း)နဲ့ စိန်ဂေဟာ( ပါရမီ)စင်တာတွေမှာ သြဂုတ်လ ၁၅ ရက်ကနေ ၂၂ ရက်နေ့ထိ တစ်ပြိုင်နက်ထဲ ပြုလုပ်ရောင်းချပေးသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ကုန်ပစ္စည်းအသစ်များ၊ မြန်မာနိုင်ငံအတွင်းက ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းတွေနဲ့ စားသောက်ကုန်၊အလှအပဆိုင်ရာပစ္စည်းတွေ၊ ဖက်ရှင်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်း၊ စာရေးကိရိယာတွေနဲ့ စားသောက်ကုန်တွေလာရောက် ပြသရောင်းချသွားမှာဖြစ်ပါတယ်။ အထူးအစီအစဉ်တွေအနေနဲ့ ငွေကျပ် နှစ်သောင်းဖိုးနဲ့အထက်ဝယ်ယူသူတွေကို ချက်ချင်းလက်ဆောင်များပေးမယ့်အပြင် သုံးသောင်းဖိုးနဲ့အထက်ဝယ်ယူသူူတွေကို ရန်ကုန်-ဘန်ကောက် နှစ်ယောက်စာ လေယာဉ်လက်မှတ်၊ ပထမတန်းစားထိုင်းကုန်ပစ္စည်းဆု စတာတွေကို မဲများဖောက်ပေးသွားမှာဖြစ်ပြီး စိန်ဂေဟာမိသားစုအနေနဲ့ (DITP) နဲ့ ပူးပေါင်းလုပ်ဆောင်တာဟာ (၆) ကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း