Temasek က လန်ဒန်မှာ ရုံးအသစ်ဖွင့်လှစ်

article landscape wartermark final စင်ကာပူရင်းနှီးမြှုပ်နှံမှုကုမ္ပဏီTem- asek Holdings ဟာ ဥရောပမှာ ရုံး ခန်းဖွင့်လှစ်မှုအဖြစ် လန်ဒန်မှာ ရုံးအ သစ်ဖွင့်လှစ်ခဲ့ပါတယ်။ Temasek ရဲ့ လန်ဒန်ရုံးဟာ ဥရောပ၊ အရှေ့အလယ် ပိုင်းနဲ့ အာဖရိကတို့မှာ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ပံ့ပိုးသွားမှာဖြစ်တယ်လို့ သိရပါတယ်။  စင်ကာပူနဲ့ ဥရောပရဲ့ ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်မှာ ၆၀ ရာခိုင်နှုန်းကျော်တိုးလာခဲ့ပြီး စင်ကာပူနဲ့ အာဖရိကရဲ့ကုန်သွယ်မှု ပမာဏဟာ သုံးဆကျော် စင်ကာပူဒေါ် လာ ၁၄ ဘီလီယံအထိ ရှိခဲ့ပါတယ်။ လန်ဒန်ရုံးဟာ  Temasek ရဲ့ လက်ရှိ နိုင်ငံခြားရုံးတွေဖြစ်တဲ့ ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ မက္ကဆီကိုနဲ့ ဗီယက်နမ်တို့မှာ ရှိတဲ့ ရုံးတွေရဲ့ Network မှာ ထပ်တိုးလာတဲ့ ရုံးအသစ်ဖြစ်ပါတယ်။ Temasek အနေနဲ့ ဒီနှစ်အတွင်းမှာပဲ နယူးယောက် မှာ ရုံးအသစ်ဖွင့်လှစ်ဖို့ ရည်ရွယ်ထား တယ်လို့သိရပါတယ်။

     Ref: CAN