အလုပ်မှာဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ်ပိုင် မိုဘိုင်းဖုန်းနဲ့ပဲဖြစ်ဖြစ် လိုက်နာရမယ့် တယ်လီဖုန်းဆိုင်ရာ ကျင့်ဝတ် ရှစ်ချက် ရှိပါတယ်။ ၁။ ဖုန်းခေါ်ဆိုမှုရဲ့အစမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အစဉ်ထုတ်ဖော်ပြောရပါမယ်။ (က) ရုံးခန်းအတွင်းမှာဆိုရင်တော့ တယ်လီဖုန်းဖြေ ဆိုတာစစချင်းမှာ ''ဟယ်လို/မင်္ဂလာပါ (စာရင်းစစ်) ဌာနက ဖြစ်ပါတယ်၊ (နာမည်) ဖြစ်ပါတယ်...'' ဆိုပြီး အစချီပြီး ဖုန်းလက်ခံသင့်ပါတယ်။ (ခ) သင့် ဆဲလ်ဖုန်းနဲ့ပြောဆိုတဲ့အခါမှာ ပုံမှန်အတိုုင်း ''ဟယ်လို'' နဲ့အစချီပြီး ''ကျွန်တော်/ကျွန်မ (နာမည်) ပြောနေပါတယ်'' ဆိုပြီး ဖုန်းလိုက်ခံ နိုင်ပါတယ်။ (ဂ) သင်က စတင်ပြီး ဖုန်းခေါ်မယ်ဆိုရင်တော့ အမြဲတမ်း ဘယ်လုပ်ငန်းက ဘယ်သူဘယ်ဝါဖြစ်ကြောင်း နာမည်ကိုပါဖော်ပြပြီး ဖုန်းဆက်ရတဲ့ အကြောင်း ရင်းကို ပြောပြရပါမယ်။ ၂။ ဖုန်းအတွင်း သင် စကားပြောဆိုတဲ့လေသံကို ဂရုစိုက်ပါ။ စိုုးရိမ်ပူပန်မှု၊ စိတ်ဆိုးဒေါသထွက်မှု အစရှိတဲ့ ခံစားချက်ကို ပေါ်လွင်နေစေတဲ့အသံမျိုးမဖြစ်အောင် သတိ ထားသင့်ပါတယ်။ သင့်လေသံမှာ ယုံုကြည်မှုအပြည့်ရှိဖိုု့ အရေးကြီးပါတယ်။ ဖုန်းပြောနေရင်း ထိုင်ခုံမှာ လျောမှီထိုင် နေတာမျိုး၊ ပျင်းရိပျင်းတွဲနဲ့ ဖုန်းပြောတာမျိုး မလုပ်မိစေ ပါနဲ့။ Tip - ထိုင်ခုံပေါ်မှာ မတ်မတ်ထိုင်ပါ၊ ဒါမှမဟုတ် မတ်တပ်ရပ်ရင်း ဖုန်းပြောပါ။ ၃။ သင့်အနေနဲ့ ဖုန်းခေါ်ဆိုမှုမပြုခင်မှာ ပြောဆိုမယ့် အကြောင်းအရာတွေကို ကြိုတင်အစီအစဉ် ဆွဲထားသင့်ပါတယ်။ သင်ဆွေးနွေးလိုတဲ့အချက်တွေ၊ သင်မေးလိုတဲ့ မေးခွန်းတွေကို ကြိုတင်ပြင်ဆင်ထားပါ။ စကား သွယ်ဝိုက်နေတာထက် ပြောလိုတဲ့အချက်ကို လိုရင်းတိုရှင်း၊ တိတိကျကျ စီစဉ်ထားသင့်ပါတယ်။ တကယ်လို့ သင်ပြောဆိုလိုတဲ့ ပုဂ္ဂိုလ် မရှိဘူးဆိုရင်လည်း ''ကျွန်တော် (နာမည်) ဖြစ်ပါတယ်၊ ပြန်ခေါ်ပေးပါ'' လို့သာ အမှာချန်ထားတာထက် ''သင်ထိုပုဂ္ဂိုလ်ကို ပြန်လည်ခေါ်ခိုုင်းစေလိုတဲ့အကြောင်း ရင်း'' ကိုပါ အနည်းဆုံးဖော်ပြခဲ့သင့်ပါတယ်။ ၄။ ဖုန်းအပြန်အလှန်ပြောနေတဲ့အတွင်းမှာ ဘယ်အနှောင့် အယှက်မှ မဝင်ရောက်စေပါနဲ့။ အခြားသူတွေအနားမှာ ဝိုင်းရံဆူညံနေတဲ့အချိန် မျိုးမှာ ဖုန်းပြောဆိုမှုကို သတိထားပါ။ အထူးသဖြင့် အရေးကြီး၊ လျို့ဝှက်ထားရမယ့်လုပ်ငန်းကိစ္စတွေဆိုရင် ပိုပြီး သတိထားရပါမယ်။ Tip - တကယ်လို့ သင့်မှာ ဖုန်းပြောနေစဉ် ကိစ္စတစ်ခုပေါ် လာခဲ့ရင် ''ခဏလောက်ခွင့်ပြုပါ၊ ကိစ္စတစ်ခုုပေါ်လာလို့ ခဏနေမှ ပြန်ဆက်လိုက်ပါမယ်'' ၊ ဒါမှမဟုတ် ခဏစောင့် ပေးဖို့ တောင်းဆိုပြီးနောက်မှာ ''ခဏစောင့်ပေးလို့ ကျေးဇူး တင်ပါတယ်'' ဆိုပြီး ပြောဆိုနိုင်ပါတယ်။ ၅။ တကယ်လို့ အသံနဲ့အမှာစကား ချန်ထားရမယ့်အခါ မျိုးမှာဆိုရင် ရှင်းရှင်းလင်းလင်းနဲ့ ဖြည်းဖြည်းပြော သင့်ပါတယ်။ ဖုန်းထဲမှာ အသံသွင်းအမှာစကားချန်ထားတဲ့အခါ အရေးကြီးတဲ့အချက်တွေကိုပဲ ဖြည်းဖြည်းမှန်မှန်နဲ့ ပီပီသသ ပြောသွားသင့်ပါတယ်။ တချို့ ဖုန်းနံပါတ်ချန်ထားဖို့၊ လိပ်စာချန်ထားဖို့ လိုအပ်တဲ့ အမှာစကားမျိုးဆိုရင် နံပါတ် တွေကို အမှာစကားအဆုံးမှာ ထပ်မံပြောကြားပေးသင့်ပါ တယ်။ Tip - သင့်အနေနဲ့ တယ်လီဖုန်းအော်ပရေတာတွေပြောတဲ့ပုံစံမျိုး အိမ်မှာ အသံသွင်းလေ့ကျင့်ထားနိုင်ပါတယ်။ ၆။ အစည်းအဝေးခန်း၊ စားသောက်ခန်း၊ ပြဇာတ်ရုံ၊ ရုပ်ရှင် ရုံု၊ သင်တန်း၊ ဒါမှမဟုတ် အခြားသီးသန့်နေရာမျိုး သွားတဲ့အခါမှာ ဆဲလ်ဖုန်းကို အသံပိတ်ထားတတ်တဲ့ အကျင့်ကို ပျိုးထောင်ပါ။ သင့်ဖုန်းသံမြည်လာတာကြောင့် အခြားသူတွေကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် ပုံပေါက်ရင် ဖုန်းကိုအသံ ပိတ်ထားသင့်ပါတယ်။ Tip - သင်အရေးကြီးဖုန်းကို စောင့်မျော်နေတယ်ဆိုရင်တော့ ဖုန်းကို ဠငဘမအေန လုပ်ထားပြီး၊ ဖုန်းတုန်ခါလာရင် အပြင် ထွက်စကားပြောတာပဲဖြစ်ဖြစ်၊ နောက်မှပြန်ဆက်မယ့် အကြောင်း မက်ဆေ့ဂျ် ပို့လိုက်တာပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါ တယ်။ ၇။ ကျယ်လောင်ကျယ်လောင် ဖုန်းပြောမှုမျိုးကို သတိထား ပါ။ ပတ်ဝန်းကျင်က တအားကို ဆူညံနေတယ်ဆိုရင် တောင် ဖုန်းကျယ်ကျယ်လောင်လောင်ပြောတာမျိုးထက်၊ ဖြစ်နိုင်ရင် ဆိတ်ငြိမ်ရာကို ရှာဖွေပြောဆိုသင့်ပါတယ်။ ဒါပေမဲ့ အသံတိုးလွန်းနေတာကလည်း အလုပ်မဖြစ် ပါဘူး။ Tip - စမတ်ဖုန်းတော်တော်များများမှာဆိုရင် ဖုန်းပြောတဲ့အခါ စခရင်ပေါ်ကနေတစ်ဆင့် အသံကျယ်လောင်မှုကို ကြည့်ရှုနိုင် ပါတယ်။ ၈။ ဖုန်းပြောနေစဉ် အခြားအရာကို တစ်ပြိုင်နက်တည်း ဆောင်ရွက်တာမျိုး မပြုပါနဲ့။ ဥပမာပြောရရင် ဖုန်းပြောနေစဉ်မှာ ပီကေဝါးနေ တာမျိုး၊ စာရွက်တွေလုံးခြေနေတာမျိုး၊ ကွန်ပျူတာကြည့် နေတာမျိုး၊ အခြားတစ်စုံတစ်ခုကိုမျ မလုပ်ဘဲ ဖုန်းကိုသာ အာရုံစိုက်ပြောဆိုသင့်ပါတယ်။ အရေးကြီးဆုံးကတော့ ကားမောင်းနေစဉ်မှာ မိုဘိုုင်းဖုန်းလက်ခံမပြောဖိုု့ပါပဲ။ Tip - တစ်ဖက်က ဖုန်းပြောဆိုတဲ့သူအပေါ် အမြဲရိုသေသမှုထားပါ။