မေလ ၂၁ ရက် မနက် ၉ နာရီကနေ ည နေ ၆ နာရီအထိ ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းရှိ Rose Garden ဟိုတယ်မှာ တစ်ရက်တာကျင်းပခဲ့တဲ့ TEDx Yangon ဟာ Tapestry - အသိုက်အဝန်းဆိုတဲ့ Theme နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ပါဝင်ဆွေးနွေးခဲ့သူပေါင်း ၁၇ ဦး ရှိပြီး The International School Yangon မှလည်း Playback Teatre - Spontaneously Staging Your Stories ဆိုတဲ့ ကဏ္ဍမှာ ပွဲတက်ရောက်လာကြသူများထဲက ကိုယ်တွေ့အဖြစ်အပျက်တချို့ကို ပြဇာတ်အနေနဲ့ သရုပ်ဖော်တင်ဆက်ပေးခဲ့ပါတယ်။
TEDxYangon 2017 ကိုစီစဉ်သူ TEDxYangon Team မှ မသီရိသန့်မွန်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ပွဲမှာ David Madden (Phan-deeyar) ၊ Emilie Röell (Doh Eain) ၊ Ewan Lamont (Myanma Awba) ၊ Htar Htar (Akhaya Women) ၊ Htet Myet Oo (RTH Group Ltd) ၊ James Erskine (Sheakspeare Schools) ၊ Jimmy Ko Ko ၊ Lamin Oo (Tagu Films)၊ မသီတာ (စမ်းချောင်း)၊ May Sabe Phyu (Gender Equality Network) ၊ Melinda Tun ၊ Moe Thitsa (Foggy Spring) ၊ Phone Kyaw Moe Myint (Trash Hero Myanmar) ၊ Pyay Way (Nawaday Tharlar Art Gallery) ၊ Sonny Swe (Frontier Myan-mar Magazine) ၊ Vicky Bowman (Mya-nmar Centre for Responsible Business) တို့မှ ပါဝင်ဟောပြောခဲ့ကြတာပါ။
အမျိုးသမီးများနှင့် တန်ဖိုးထားတတ်မှု၊ Discrimination ၊ Early Child Education ၊ ရှေးဟောင်းအဆောက်အအုံ အမွေအနှစ်များထိန်းသိမ်းခြင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍနဲ့ နည်းပညာလုပ်ငန်းကဏ္ဍ၊ ပရဟိတ၊ ပညာရေး၊ ဥပဒေရေးရာ၊ အစားအသောက်၊ သဘာဝပတ်ဝန်းကျင်၊ အနုပညာ၊ ရသဖန်တီးမှုပညာအပါအဝင် နယ်ပယ်စုံစုံလင်လင်ကို ထိတွေ့ခံစားနိုင်အောင် ကဏ္ဍအစုံမှ ပုဂ္ဂိုလ်များက အတွေးပွားဖွယ် ဟောပြောဝေမျှခဲ့ကြပါတယ်။
TEDxYangon 2017 ကို တက်ရောက်ကြသူပေါင်း ငါးရာကျော်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ Facebook Page ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာပါ။ ပွဲမှာ ဟောပြောခဲ့သူတွေရဲ့အကြောင်း၊ ဟောပြောခဲ့တဲ့ Video တွေနဲ့ ပွဲစီစဉ်သူတွေရဲ့အကြောင်းကို www.tedxyangon.org နဲ့ www.facebook.com/TEDxYGN တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။