Tata Power က အင်ဒိုနီးရှားက Astra နဲ့ ပူးတွဲပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်

Post အိန္ဒိယနိုင်ငံက Tata Group ရဲ့ လက်အောက်မှာရှိတဲ့ Tata Power က အင်ဒိုနီးရှားနိုင်ငံရဲ့ ယာဉ်ပိုင်းဆိုင်ရာ စက်ပစ္စည်းဖြန့်ချိရေးအကြီးဆုံးကုမ္ပဏီဖြစ်တဲ့ Astra International နဲ့ ဖက်စပ်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းထဲ ဝင်လာပါတယ်။  ဖက်စပ်လုပ်ငန်းရဲ့ ၅၀ ရာခိုင်နှုန်းကို ဒီလုပ်ငန်းနှစ်ခုက အသီးသီးခွဲဝေပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ Astra International ဟာ စက်ပစ္စည်းထုတ်လုပ်မှုအပြင် ဘဏ္ဍာရေးဝန်ဆောင်မှုတွေ၊ IT နဲ့ အခြေခံအဆောက်အအုံပိုင်းတွေမှာ လည်း လုပ်ငန်းခွဲတွေ ရှိထားပါတယ်။

Ref: Jakarta Globe