ထိုင်း Air Asia အကြီးအကဲ ပြန်လည်တာဝန်ထမ်းဆောင်

Int'lsNews2

ထိုင်း Air Asia (TAA) အကြီးအကဲ Tassapon Bijleveld က King Power Group ရဲ့ အစုရှယ်ယာကို ၈.၂၈ ဘီလီယံဘတ်ငွေနဲ့ ပြန်ဝယ်ပြီး ထိုင်းနိုင်ငံတွင်း ဈေးအသက်သာဆုံးလေကြောင်းလိုင်းကို ပြန်လည်စီမံအုပ်ချုပ်သွားမှာဖြစ်ပါတယ်။

အခွန်ကင်းလွတ်တဲ့ စတိုးဆိုင်နဲ့ Leicester City ဘောလုံးအသင်းပိုင်တဲ့ Srivaddhanaprabha မိသားစုဝင်တစ်ယောက်ချင်းစီကို ၄.၇၀ ဘတ်၊ Asia Aviation Plc (AAV) ရဲ့ ၁.၇၆ ဘီလီယံ အစုရှယ်ယာတန်ဖိုးတွေထက် ပိုပေးသွားမယ်လို့ MrTasspon က ကတိပေးထားပြီးပါပြီ။

AAV က TAA ရဲ့ စတော့ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။ လေကြောင်းလိုင်းကို မလေးရှားအခြေစိုက် Air Asia Bhd နဲ့အတူ MrTassapon က ပူးပေါင်းတည်ထောင်ခဲ့တာ ၁၃ နှစ်ရှိပါပြီ။

၂၀၁၆ ခုနှစ်၊ ဇွန်လမှာ MrTassapon နဲ့ သူ့မိသားစုဆီကနေ Srivaddhanaprabha မိသားစုက AAV ရဲ့ စတော့ရှယ်ယာ ၃၉ ရာခိုင်နှုန်းကို ၇.၉၄ ဘီလီယံဘတ်နဲ့ ဝယ်ယူခဲ့တာပါ။

အပေးအယူလုပ်ပြီးသွားချိန်မှာ MrTassapon က AAV ရဲ့ ရှယ်ယာရှင်ကြီးတစ်ယောက်အနေနဲ့ ကုမ္ပဏီရဲ့ ၄၁.၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။

TAA လုပ်ငန်းစတင်လည်ပတ်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ သံယောဇဉ်ကြောင့် ရှယ်ယာတွေကို ပြန်ဝယ်မှာဖြစ်ပါတယ်လို့ MrTassapon က ပြောပါတယ်။

ရှယ်ယာတွေ ပြန်ဝယ်လိုက်ရင် နောက်နှစ်မှာ A 320 ဂျက် လေယာဉ်ခုနှစ်စီးဝယ်ယူနိုင်မှာဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းမှာ ခရီးသည်ပေါင်း ၂၂ မီလီယံကျော်ကျော်ကို ဝန်ဆောင်မှုပေးသွားနိုင်မှာပါ။ အာဆီယံဒေသတွင်း၊ အိန္ဒိယနဲ့ တရုတ်ပြည်ထိပါ လုပ်ငန်းချဲ့ထွင်နိုင်မယ်လို့လည်း သူကပြောထားပါတယ်။

AAV မှာ Srivaddhanaprabha ရဲ့ ရှယ်ယာတန်ဖိုး ၃.၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးနောက်ပိုင်း King Power ဥက္ကဋ္ဌ Vichai ဟာ အုပ်ချုပ်ရေးအဖွဲ့ကနေ နှုတ်ထွက်ခဲ့ပါတယ်။

ရှယ်ယာတန်ဖိုးတွေက အချိန်နဲ့အမျှတက်လာပေမယ့် MrTassapon ရဲ့ ငွေပေးချေမှုဟာ မနှစ်ကသူ Srivaddhanaprabha မိသားစုဆီက ရထားတဲ့ပမာဏထက် အစုရှယ်ယာတစ်ခုကို ဘတ်ငွေ ၅၀,၀၀၀ ပိုပါတယ်။

စည်းမျဉ်းစည်းကမ်းတွေ အရဆိုရင်တော့ ဝယ်သူက AAV ရဲ့ ကျန်ရှိနေတဲ့ အစုရှယ်ယာ ၅၈.၇ ရာခိုင်နှုန်းအတွက် ရှယ်ယာတစ်စုကို ၄.၇၀ ဘတ်ငွေနဲ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၈ ရက် နောက်ဆုံးထားပြီး တင်ဒါခေါ်ရမှာဖြစ်ပါတယ်။