Talent တွေ ယှဉ်ပြိုင်ခဲ့ကြတဲ့ Miss Golden Land Myanmar 2014

article landscape wartermark final2 Miss ပြိုင်ပွဲကြီး ငါးရပ် ဖြစ်တဲ့ Miss Grand International၊ Miss Supranational၊ Miss Earth၊ Miss Intercontinental၊ Face of Beauty International တွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အဆင့်တစ်ခုဖြစ်တဲ့ Talent  Competition ဆန်ကာတင် ဆယ်ဦးရွေးချယ်ပွဲကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်က ရန်ကုန်မြို့၊ ပြည် လမ်းရှိ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ ရွေးချယ်ထားတဲ့ ပြိုင်ပွဲဝင် ၂၅ ယောက်ရဲ့ ပင်ကိုအရည် အချင်းတွေကို တစ်ဦးချင်းစီက ထုတ်ဖော်ပြသခဲ့ကြပြီး နောက်ဆုံးဆန်ကာတင် ဆယ်ဦးကိုရွေးချယ်ခဲ့ရာ ဇင် သီရိ­­လွင်၊ ဟယ်လင်မျိုးကို၊ Angel လမုန်၊ ဖူးမြတ်ချယ်၊ ရွှန်းလဲ့ဝေ၊ အေးကြွယ်၊ နီနီမင်းသူ၊ သန္တာကို၊ အိမွန်ခိုင်၊ ဆုလတ်ဘို တို့က ရရှိခဲ့ပါတယ်။ Miss ပြိုင်ပွဲကြီးငါးရပ်ကို သွားရောက်ယှဉ်ပြိုင်ဖို့ နောက်ဆုံး Grand Final ကို ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်မှာ ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။ article landscape wartermark final4 article landscape wartermark final7 article landscape wartermark final6 article landscape wartermark final5  article landscape wartermark final3 article portrait watermark final8 article portrait watermark final article portrait watermark final1