T-Max အမှတ်တံဆိပ်မိုဘိုင်းဟန်းဆက်များ မြန်မာနိုင်ငံတွင် တရားဝင်ဖြန့်ချိ

DSCN5854 SSCL Co Ltd  မှ ထိုင်းနိုင်ငံထုတ် အရည်အသွေးမြင့် T-Max အမှတ် တံဆိပ် မိုဘိုင်း ဟန်းဆက်တွေကို မြန်မာနိုင်ငံရဲ့ တရားဝင်တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် စတင်ဖြန့်ချိခြင်း နှင့်ပတ်သက်ပြီး သတင်းမီဒီယာတွေ ကို အသိပေးတဲ့ အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ က ရန်ကုန်မြို့  Park Royal Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ  SSCL Co Ltd မှ စီးပွားရေးဆိုင်ရာ အတိုင်ပင် ခံ Mr Wallace  မှ နှုတ်ခွန်းဆက် စကားပြောခဲ့ပြီး T-Max Phone Co Ltd  မှ Sales & Marketing Diretor Mr. Song Pong က မြန်မာ နိုင်ငံ ဈေးကွက်မှာ ဝန်ဆောင်မှုပေးမယ့်  T-Max  မိုဘိုင်းဟန်း ဆက်တွေ အကြောင်း ကို Presentation နဲ့ ရှင်းလင်းပြော ကြားခဲ့ပါတယ်။  တက်ရောက်လာကြ သူတွေကို   T-Max  ရဲ့ Android Smartphone Model အသစ်ဖြစ်တဲ့  Phenix - A1  ၊ A3၊ A5 ဟန်း ဆက် ၃ လုံးကို မဲနှိုက် ချီးမြှင့်ပေးခဲ့ပါ တယ်။T-Max  မိုဘိုင်းဟန်းဆက် တွေကို ဈေးနှုန်းကျပ်သုံးသောင်းကနေ ကျပ်တစ်သိန်းခွဲအထိOne Year Service Warranty  နဲ့ SSCL Co Ltd  မှ သြဂုတ်လ၊ ၂၅ ရက်နေ့က စတင်ဝန်ဆောင်မှုပေးခဲ့ပြီး အနာဂတ် မှာ အရောင်းဆိုင်တွေနဲ့ Service Centre  တွေ တိုးချဲ့ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။