ဆွစ်နာရီတင်ပို့မှု ၂၀၁၄ ခုနှစ်မှာ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်

A woman looks at luxury watches displaye ကမ္ဘာကျော် ဇိမ်ခံပစ္စည်းလုပ်ငန်း LVMH ပိုင်ဆိုင်တဲ့ Bvlgari နာရီ အမှတ်တံဆိပ်ကနေ TAG Heuer အမှတ်တံဆိပ်ကို ပြောင်းသွားတဲ့လက်ရှိ Bvlgari ရဲ့ CEO  ဖြစ်သူ Jean-Christophe Babin  က နောက်နှစ် တစ်နှစ်လုံးအတွက် လုပ်ငန်းဖွံ့ဖြိုးမှု ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ မျှော်လင့်ထားကြောင်း ပြောပါတယ်။ အခုနှစ်မှာတော့ တရုတ်တစ်နိုင်ငံလုံးမှာ ဝယ်လိုအား ကျဆင်းသွားလို့ ဆွစ်နာရီတွေ တင်ပို့မှု သိသိသာသာ နှေးကွေးသွားခဲ့ပါတယ်။  Bulgari ရဲ့ ကျောက်မျက်ရတနာလုပ်ငန်းကိုလည်း ခိုင်မာအောင် ဦးစားပေးသွားမယ်လို့ Babin  က ပြောပါတယ်။ Ref: Reuters