ဆွီဒင်ဖက်ရှင်လုပ်ငန်း H&M က အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံးစတိုးဆိုင်ဖွင့်လှစ်

  1359046790-hm-logo post pic ဆွီဒင်တန်ဖိုးနည်း ဖက်ရှင်လက်လီ စတိုးဆိုင် H&M (Hannes & Moritz)  က အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံးစတိုးဆိုင်ကို ဂျကာတာမြို့ရဲ့Gandaria City Mall မှာ ဖွင့်လှစ် လိုက်ပါတယ်။ အမျိုးသား၊ အမျိုး သမီးနဲ့ ကလေးတွေအတွက် ဖက်ရှင်နဲ့ အသုံးအဆောင်တွေ ရောင်းချသွားမှာ ဖြစ်သလို၊ နောက်ထပ်စတိုး ဆိုင်တစ်ဆိုင်ကိုလည်း ဂျကာတာမြို့မှာပဲ အောက်တိုဘာလ ထဲမှာ ဖွင့်လှစ်သွား မှာ ဖြစ်ပါတယ်။ အခြား ဆွီဒင် လုပ်ငန်းတွေလည်း အင်ဒိုနီးရှားဈေး ကွက်ထဲကို ဆက်ဝင်လာဖို့ လမ်းစဖော် ပေးလိုက်တာ ဖြစ်ပါတယ်။ ဆွီဒင်ရဲ့ နာမည်ကျော် ပရိဘောဂလုပ်ငန်းဖြစ်တIKEA က မလေးရှားနဲ့ စင်ကာပူ နိုင်ငံတို့မှာ စတိုးဆိုင်တွေ ဖွင့်လှစ်ခဲ့ ပြီးနောက် လာမယ့်နှစ် ဇူလိုင်လမှာ အင်ဒိုနီးရှားမှာ ပထမဆုံးစတိုးဆိုင်ကို ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ Ref: The Jakarta Globe