ဆူရှီကြိုက်တဲ့သူတွေအတွက် အကောင်းဆုံး ဆူရှီအရသာတွေခံစားနိုင်မယ့် ဆူရှီဆိုင်တစ်ဆိုင်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် . . .
အမှတ် ၁၂၆ ၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်မှာ ဖွင့်လှစ်ထားပြီး ဖုန်းနံပါတ် ၀၉-၅၁၅၂၆၅၂၆ နဲ့ ၀၉-၄၄၄၁၁၅၆၆၂ တို့ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
လုပ်ငန်းစတင်ဖြစ်ပုံ . . .
Grand Opening ကို ၂၀၁၇ ခုနှစ်၊ မေလ ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။ Sushi Tei Myanmar က စင်္ကာပူကနေ Franchise ယူထားတာပါ။ Sushi Tei က နိုင်ငံပေါင်းရှစ်နိုင်ငံမှာ ဆိုင်ခွဲပေါင်းများစွာရှိပြီး အခုမြန်မာနိုင်ငံမှာတော့ ကိုးနိုင်ငံမြောက် ဖွင့်လှစ်တာဖြစ်ပါတယ်။
ရရှိနိုင်တဲ့အစားအစာတွေ . . .
Sushi Tei မှာ ဆူရှီနဲ့ ဂျပန်အစားအစာတော်တော်များများ ရနိုင်ပါတယ်။ Sashimi မစားတဲ့သူတွေအတွက် ဟော့ပေါ့၊ တန်ပူရာကြော်၊ အကင်တွေလည်းရပါတယ်။ ထမင်းနဲ့စားလို့ရမယ့် ပုံမှန်ဟင်းပွဲတွေလည်း ရပါတယ်။ Menu ပေါင်း သုံးရာကျော်ရှိပါတယ်။ Drink တွေလည်း စုံစုံလင်လင်ရပါတယ်။ Dessert တွေကလည်း မြန်မာနိုင်ငံမှာ သိပ်မရှိသေးတဲ့ Dessert တွေဖြစ်လို့ တော်တော်များများ ကြိုက်ကြပါတယ်။
တခြားဘယ်လိုဝန်ဆောင်မှုတွေ ပံ့ပိုးပေးထားလဲ . . .
ဆိုင်အောက်ထပ်မှာ Customers အယောက်တစ်ရာလောက် ဆန့်တယ်။ Private Room နှစ်ခန်းရှိပြီး တစ်ခန်းမှာ လူ ၁၂ ယောက်ဆန့်ပါတယ်။ Private Room နှစ်ခုကို ဆက်လိုက်ရင်တော့ လူအယောက်သုံးဆယ်လောက် ဆန့်ပါတယ်။ ဆိုင်ရဲ့အပေါ်ထပ်မှာဆိုရင် Birthday Party ၊ Staff Party တွေ လုပ်ဖို့အတွက် လူတစ်ရာလောက်အထိ ဆန့်ပါတယ်။
ဆိုင်ဖွင့်ချိန် . . .
ဆိုင်ဖွင့်ချိန်က မနက် ၁၀ နာရီကနေ ည ၁၀ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။
ထူးခြားချက် . . .
ဆိုင်ရဲ့ထူးခြားချက်ကတော့ ဆူရှီအတွက် Conveyor System ရှိတယ်။ Sushi Conveyor က မြန်မာပြည်မှာ တအားရှားပါသေးတယ်။ Sushi Conveyor ပေါ်မှာ Color Plate တွေနဲ့ ဈေးနှုန်းတွေ သတ်မှတ်ထားပေးတယ်။ အဲဒီ Conveyor ပေါ်မှာ ကိုယ်ကြိုက်တာရွေးယူပြီး သုံးဆောင်နိုင်ပါတယ်။
ဈေးနှုန်းပိုင်း . . .
ဈေးနှုန်းပိုင်းအနေနဲ့ကတော့ လူတစ်ယောက်စာအတွက် ဆူရှီက အနည်းဆုံးကျပ်တစ်ထောင်ကနေ တစ်သောင်း၊ ၁၅,၀၀၀ ဝန်းကျင်လောက်ပဲ ကျသင့်မှာပါ။ တခြားဟင်းပွဲတွေကလည်း ဈေးနှုန်းအတင့်အသင့်လောက်ပဲ ရှိပါတယ်။
အနာဂတ်အစီအစဉ် . . .
နောက်နှစ်တွေမှာ ဆိုင်ခွဲတွေ ထပ်ဖွင့်သွားဖို့ ရှိပါတယ်။ တခြားမြို့တွေအထိ ဆိုင်ခွဲတွေ ဖွင့်သွားမှာပါ။