ကိုယ်ပိုင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Trend အဝတ်အထည်များရောင်းချပေးမယ့် SUPERIOR အကျ ႌႌႌႌဆိုင်ဖွင့်ပွဲကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ၁၄ရက်က ဆိုင်တည်ရှိရာရန်ကုန်မြို့ ဗညားဒလလမ်းပေါ်၊ အောင်မင်္ဂလာလမ်းနဲ့သီတာလမ်းကြား၊ ကျောက်မြောင်းကြီးရပ်ကွက်၊ တာမွေမြို့နယ်မှာ ကျင်းပခဲ့ပါတယ်။ ဖက်ရှင်နဲ့ဆိုင်စီမံခန့်ခွဲရေးပိုင်းကို Snareအဖွဲ့က ဖြိုးလေးက တာဝန်ယူပေးထားပါတယ်။ ဆိုင်ဖွင့်လှစ်သူတွေကိုယ်တိုင်က ဖျော်ဖြေရေး၊ မီဒီယာ၊ အနုပညာလုပ်ကိုင်သူတွေဖြစ်တာကြောင့် ဖက်ရှင်မှတ်တံဆိပ်တစ်ခုကိုမွေးဖွားပေးချင်တဲ့အတွက် သူငယ်ချင်းသုံးယောက်တိုင်ပင်ဖွင့်ဖြစ်တာပါလို့Media 7က ကိုဝေမင်းမောင်က ပြောခဲ့ပါတယ်။ ဆိုင်ကိုလည်းအဝတ်အထည်နဲ့ပတ်သက်လာရင်မြန်မာနိုင်ငံရဲ ့ အဓိကအရေးကြီးနေရာတစ်ခုဖြစ်တဲ့ ယုဇနပလာဇာအနီးမှာရွေးချယ်ဖွင့်လှစ်ဖြစ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အင်္ကျီဈေးနှုန်းတွေကိုလည်း တစ်သောင်း၊နှစ်သောင်းဝန်းကျင်သတ်မှတ်ထားပေမယ့် ပေးရတဲ့တန်ဖိုးနဲ့ ကိုက်ညီအောင် အရည်အသွေးပိုင်းကိုအထူးဂရုစိုက်ထားကြောင်းနဲ့ နောက်ထပ် ဆိုင်ခွဲတွေထပ်ဖွင့်နိုင်ဖို့၊ အမှတ်တံဆိပ်တွေ ထပ်ထုတ်နိုင်ဖို့ရည်မှန်းထားတယ်လို့ ကိုဝေမင်းမောင်ကပြောခဲ့ပါတယ်။