ဂျပန်နိုင်ငံရဲ့ ှSuntory Holdings ကုမ္ပဏီဟာ အမေရိကန်နိုင်ငံရဲ့ Jim Beam ဝီစကီအရက် ကုမ္ပဏီ ရဲ့ရှယ်ယာ တွေကို ဒေါ်လာ ၁၆ ဘီလီယံပေးပြီး ဝယ်ယူလိုက်တော့မှာဖြစ်တယ်။Jim Beam ရဲ့ ရှယ်ယာတွေကို ဒေါ်လာ ၁၃.၈ ပေးပြီး ဝယ်ယူခဲ့ပြီး အခုအခါ အဲဒီကုမ္ပဏီရဲ့ကြေး ဒေါ်လာ နှစ် ဘီလီ ယံကို ပေးဆပ်သွားဖို့ တာဝန်ယူလိုက် တာဖြစ်တယ်။ ဒါကြောင့် စုစုပေါင်း ဒေါ်လာ ၁၆ ဘီလီယံဖိုး ဝယ်ယူလုပ် ကိုင်လိုက်တာဖြစ်တယ်။ ကုမ္ပဏီနှစ်ရပ်ပေါင်းရဲ့စုစု ပေါင်းဝန်ထမ်းဟာ ၃,၄၀၀ ဖြစ်လာ ပြီး နာမည်ကိုလည်း Beam Suntory Inc လို့ ခေါ်မှာဖြစ်တယ်။ အခုလို တခြားကုမ္ပဏီရှယ် ယာတွေကို ဝယ်ယူလုပ်ကိုင်လိုက်တာ ဟာ မိသားစုပိုင် ဂျပန်ကုမ္ပဏီရဲ့ အလားတူလုပ်ရပ်တွေထဲက တစ်စုံဖြစ် တယ်။ ဂျပန်လူဦးရေ လျော့နည်းလိုက် လာနေတာနဲ့အမျှ ပြည် တွင်းဈေးကွက် လည်း လိုက်ကျနေတဲ့အတွက် ဂျပန် ကုမ္ပဏီတွေဟာ Suntory လိုပဲ တ ခြားကုမ္ပဏီတွေ ကို ဝယ်ယူလုပ်ကိုင် လာကြတယ်။ ဂျပန်ယန်းငွေ တန်ဖိုး တက်လာတာနဲ့အမျှ ဂျပန်ကုမ္ပဏီ တွေ ဟာ နိုင်ငံခြားနဲ့ အရောင်းအဝယ် တွေမှာ ဈေးသက်သက်သာသာနဲ့ ရနိုင် လာကြတယ်။ မနှစ်ကတော့ ဂျပန် ယန်းငွေကျသွားလို့ ဂျပန်ကုမ္ပဏီတွေ အဲဒီလိုဝယ်တာနည်းသွားခဲ့တယ်။ Suntory u Beam က Beam ကိုအ ခုလို ဝယ်ယူလုပ်ကိုင် လိုက်တာဟာ ဂျပန် ကုမ္ပဏီတစ်ခု အနေ နဲ့ တတိယမြောက် အကြီးမားဆုံး ဝယ် ယူလုပ်ကိုင်မှုဖြစ် တယ်။ သူ့အရင်က SoftBank က အမေ ရိကန် အခြေစိုက် Sprint Nextel ကို ဒေါ်လာ ၂၁.၆ ဘီလီ ယံနဲ့ Japan Toba - cco က ဗြိတိန်နိုင်ငံရဲ့ Gallaher ကုမ္ပဏီကို ဒေါ်လာ ၁၉ ဘီလီယံ နီးပါးနဲ့ ဝယ်ယူလုပ် ကိုင်ခဲ့တယ်။ “Sun- tory က Beam ကို အခုလိုဝယ်ယူ လုပ် ကိုင်လိုက်တာဟာ ကမ္ဘာ့အဆင့်အတန်း မြင့် အရက်ဈေးကွက်မှာ တတိယနေရာ ကိုရဖို့ ဖန်တီးလိုက်တာဖြစ်တယ်” လို့ တာဝန်ရှိသူတစ်ဦးက ဆိုတယ်။ ကုမ္ပဏီနှစ်ခု ပူးပေါင်းလုပ် ကိုင်မယ့် Beam Suntoryကို ၂၀၀၉ ခုနှစ်ကတည်းက Beam အမှုဆောင် အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သူကပဲ ဥက္ကဋ္ဌအဖြစ်ရော အမှုဆောင်အရာရှိ ချုပ်အဖြစ်ပါ ဦးဆောင် သွားမှာဖြစ် တယ်။ Suntory က Beam ကို ခုလို ဝယ်ယူလုပ်ကိုင်လိုက်တာဟာ Beam ရဲ့ ကြေးတွေကို ပခုံးပြောင်း ထမ်းလိုက်ရတာပဲဖြစ်တယ်လို့ ဆန်း စစ်သူတချို့က ဆိုကြတယ်။ Suntory ဟာ အဲဒီလိုကြွေးတွေ ဆပ်ပေးနိုင်ဖို့ အတွက်ရော ရှယ်ယာတွေ ဝယ်နိုင်ဖို့ အတွက်ပါ ဘဏ်ကနေ ငွေချေးယူခဲ့ ရတာဖြစ်တယ်။ ဒီကုမ္ပဏီဟာ ကမ္ဘာ့ အကြီးဆုံးဘီယာဈေးကွက်ဖြစ်တဲ့ တရုတ်ပြည်ဈေးကွက်ကို ချဲ့ထွင်ဖို့ အတွက် တရုတ်ဘီယာချက်လုပ်ငန်း တစ်ခုနဲ့လည်း ၂၀၁၀ ပြည့်နှစ်မှာ ဖက်စပ်လုပ်ငန်း စတင်ခဲ့ပါတယ်။ ဒါ့ အပြင် အိန္ဒိယနိုင်ငံက အစားအစာနဲ့ ယမကာလုပ်ငန်းတစ်ခုတစ်ခုနဲ့လည်း ရှယ်ယာ ၅၁ ရာခိုင်နှုန်း ထည့်ဝင်လုပ် ကိုင်ခဲ့ပါတယ်။
Ref: AFP